spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းသားအဖ ၂ ဦး အသတ်ခံရမှုတွင် ကျုးလွန်သူကို ဖမ်းဆီးရမိ

    သားအဖ ၂ ဦး အသတ်ခံရမှုတွင် ကျုးလွန်သူကို ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာက သားအဖ ၂ ဦး အသတ်ခံရမှုတွင် ကျုးလွန်သူကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ 

    အသက် ၆၈ နှစ်ရှိ ဦးမြင့်နှင့် ၎င်း၏သားဖြစ်သူ အသက် ၄၀ နှစ်ရှိ ပုတ်ကြီး(ခ)အုံးဟန်တို့ ၂ ဦးသည် ဖဲထော်ကျေးရွာ လယ်ကွင်းအမှတ် ၃၆၀ တွင် အသတ်ခံထားရသည်ကို မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်။

    သားအဖ ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်းတို့ နေထိုင်ရာ တဲအနီးရှိ ဝင်းထွန်း(ခ)မောင်ငိုဆိုသူကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

    စစ်ဆေးရာတွင် ၎င်းသည် သေဆုံးသားအဖတို့နှင့်အတူ မေလ ၃၀ ရက် ည ၉ နာရီခန့်က အရက်သေစာသောက်စားနေချိန် မိခင်ဖြစ်သူနှင့် ပေးစားဆဲဆိုသဖြင့် စကားများရန်ဖြစ်ခဲ့ပြီး အလျား ၃ ပေ၊ အချင်း ၃ လက်မခန့်ရှိ မအူသားတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

    “ကျုးလွန်သူကိုတော့ မိထားပြီ။ သူ့ကို ဆက်ပြီး စစ်ဆေးနေတယ်။ သက်သေခံ တုတ်ကိုလည်း သိမ်းဆည်းထားပြီးပြီ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မေလ ၃၁ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂အရ အမှုဖွင့်ထားပြီး အရေးယူနိုင်‌ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts