Homeသတင်းဇွဲကပင်တောင်တက်သည့် အမျိုးသားတစ်ဦး အမောဖောက်သေဆုံး

ဇွဲကပင်တောင်တက်သည့် အမျိုးသားတစ်ဦး အမောဖောက်သေဆုံး

-

ကရင်ပြည်နယ် ဘားအံမြို့  ဇွဲကပင်တောင်ပေါ်တက်သည့် အမျိုးသားတစ်ဦး အမောဖောက် သေဆုံးသွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၂၇ နံနက်ပိုင်းက ဘားအံမြို့နယ် လှာကာကျေးရွာနေ အသက် ၅၆  နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုနှင့်အတူ ဇွဲကပင်တောင်ပေါ်သို့ တက်နေစဉ် တောင်တက်လမ်း ကရင်မောင်နှမနတ်နန်းအနီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဘားအံမြို့နယ်အခြေစိုက် ပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အမောဖောက်ပြီး သေဆုံးသွားတဲ့ ဦးလေးက တောင်ပေါ်ရောက်ခါနီး ကရင်မောင်နှမ နတ်နန်းအနီးမှာ ဖြစ်သွားတာပါ။ အဲ့ဒီနေရာက တောင်ပေါ်ကိုရောက်ဖို့ ပုံမှန်ဆိုရင် (၁၅) မိနစ်လောက်ပဲ လျှောက်ရတော့မှာပါ။ အဲ့ဦးလေးမှာ ဆီးချိုရောဂါလည်းရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်” ဟု ၎င်းက ပြောသည်။

ဇွဲကပင်တောင်တက်လမ်းတွင် အမော‌ဖောက် သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို ဘားအံမြို့နယ် မီးသတ်ဦးစီးဌာန Rescue Team နှင့် ဘားအံမြို့နယ် အခြေစိုက် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ တောင်အောက်သို့ သယ်ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts