Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

-

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူ ၆၀၀ ကျော် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီတပ်များ ကေအဲန်ယူ-မူမြို့နယ်၏စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄၆ နှစ်အရွယ် တင်တင်ညွန့်ဆိုသူ ပခုံးတွင် လက်နက်ကြီးကျည်စထိမှန်ပြီး တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့သည်ဟု ဆိုထားသည်။

ပြည်သူများထွက်ပြေးတိမ်းရှောင်ပြီးနောက် စစ်ကောင်စီတပ်တို့မှ တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်မွှေနှောက်ကာ တွေ့ရှိသည့် အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts