Homeသတင်းကျေးရွာတွေမှာ CDM ရှိ/မရှိ စစ်ကောင်စီ လိုက်လံစုံစမ်းနေ

ကျေးရွာတွေမှာ CDM ရှိ/မရှိ စစ်ကောင်စီ လိုက်လံစုံစမ်းနေ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သည့် အစိုးရဝန်ထမ်းများ ရှိ၊ မရှိကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လိုက်လံစုံစမ်းနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

မော်လမြိုင်မြို့ ကတိုးကျေးရွာ၊ ကော့နှပ်ကျေးရွာ၊ ကော့လှကျေးရွာဘက်တွင် ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ကျေးရွာအတွင်း ဧည့်စာရင်းဝင်စစ်သည့်ပုံစံဖြင့် CDM များအကြောင်းကို မေးမြန်းစုံစမ်းနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ (စစ်သား) က ကျွန်တော်တို့ရွာထဲ ဝင်လာပြီးတော့ ဧည့်စာရင်းဝင်စစ်ရင်းနဲ့ မေးတယ်၊ အချို့က အရပ်သားပုံစံနဲ့ လာမေးကြတာလဲရှိတယ်” ဟု ကော့နှပ်ကျေးရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် CDM များအကြောင်းကို လိုက်လံစုံစမ်းနေသည့်အပြင် အင်အားဖြင့် ကျေးရွာအတွင်း ဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးမှုလည်း ဆက်တိုက်ပြုလုပ်လာသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ဧည့်စာရင်းဝင်စစ်ရာတွင်လည်း ဖမ်းဆီးမှုများရှိနေပြီး အချို့က ပြန်လည်းလွတ်မြောက်ရေး ငွေကြေးပေးဆောင်နေရသည်လည်း ရှိသည်။

“ကျွန်တော် ညဘက် အိမ်ပြန်နောက်ကျလို့ ဖမ်းခံရတယ်၊ အချို့က ပါးရိုက်ခံရတယ်၊ CDM ဝန်းထမ်းအကြောင်းတွေမေးတယ်၊ ရဲစခန်းမှာ ငွေ ၂ သိန်းပေးပြီး ထွက်လာခဲ့ရတယ်” ဟု အဖမ်းခံခဲ့ရသူတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်တို့ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ဒေသခံ ၁၀ ဦးထက်မနည်းရှိနေသည်ဟု ကော့လှာကျေးရွာသားတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts