Homeသတင်းညမထွက်ရအမိန့်ကြောင့် လက်လုပ်လက်စားများ ပိုမိုခက်ခဲလာ

ညမထွက်ရအမိန့်ကြောင့် လက်လုပ်လက်စားများ ပိုမိုခက်ခဲလာ

-

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းက အခြေခံလက်လုပ်လက်စားများ ပိုမိုခက်ခဲလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီမှ ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ညမထွက်ရအမိန့်ကိုပါ ထပ်ထုတ်ထားသည့်အတွက် ညစျေးရောင်းသူတို့နှင့် ညပိုင်းအလုပ်လုပ်ကိုင်ရသူများအတွက် အဆင်မပြေတော့ပဲ တစ်ချို့ ရပ်နားလာခဲ့ရသည်လည်း ရှိလာခဲ့သည်။

“ည ၆ နာရီ မထွက်ရဘူးဆိုတော့ ကျွန်တော်တို့က ညဘက် ရောင်းရတာအဆင်မပြေတော့ဘူးလေ၊ အဲကြောင့်ရပ်နားလိုက်ရတာပေါ့” ဟု ညပိုင်းတွင် ပဲပလာတာရောင်းသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ညမထွက်မရအမိန့်သည် ပြည်သူတို့အတွက် အခက်အခဲဖြစ်နေပြီး ရေရှည်တွင် မိသားစုစားဝမ်းနေရေးအတွက်ပါ ထိခိုက်လာနိုင်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

“လက်လုပ်လက်စားတွေ စျေးသည်တွေ အောက်ခြေလူတန်းစားတော်တော်များက အသံထွက်နေကြပြီး အဆင်မပြေဘူးပေါ့ ကျုံးတစ်လျှောက်မှာ ရောင်းနေတဲ့ အကင်းသည်တို့ ပလာတာတို့က အစပေါ့ အလုပ်လက်မဲ့ဖြစ်မယ့် အနေအထားမှာရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့က ညပိုင်းတွင် ကင်းလှည့်လေ့ရှိနေခြင်းကြောင့် ဖမ်းဆီးခံရသူများလည်း ရှိလာသည်ဟု ဒေသခံတို့က ပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့က ပြစ်ဒဏ်ချမှတ်ခံရသည်လည်းရှိသလို အချို့က ငွေကျပ် ၁ သိန်း၊ ၂ သိန်း ပေးဆောင်ပြီး လွတ်မြောက်လာသူများလည်းရှိနေသည်ဟု မြို့ခံတို့က ပြောသည်။

ရေးမြို့နယ်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ထားသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်အတွင်း စီတန်းလှည့်လည်ခြင်း၊ စုရုံးဟောပြောခြင်း၊ လူ ၅ ဦးထက် ပိုမစုရ၊ ဒုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ခြင်း မပြုရဆိုသည့်အချက်များပါဝင်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ကြေညာထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts