Homeသတင်းဘုရားသုံးဆူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွား

ဘုရားသုံးဆူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွား

-

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်စကပြီး တိုက်ပွဲဖြစ်ပွားနေပြီး ဘုရားသုံးဆူမြို့ရဲစခန်းဘက်လည်း မီးလောင်နေသည်ဟု မြို့ခံတို့က ပြောသည်။

ဘုရားသုံးဆူမြို့ ရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ  စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း မြို့ခံတို့က ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်တိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်တင်ဆက်ပေးမည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဘုရားသုံးဆူမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးများကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts