Homeသတင်းကျိုက်ထိုမြို့နယ်တွင် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ကျိုက်ထိုမြို့နယ်တွင် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ တဂေးချောင်းဖျားကျေးရွာမှ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်ခန့်က တဂေးချောင်းဖျားကျေးရွာမူလတန်းကျောင်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် လူ ၄ ဦး ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ကျောင်းအုပ်ဆရာမကြီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရွာအပြင်ဘက် တဂေးချောင်းဖျား-ငှက်ပျောတောကားလမ်းဘေးတွင် သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျောင်းအုပ်ဆရာမကြီးကို ခေါ်သွားတယ်ဆိုတဲ့ သတင်းရလို့ဆိုပြီး စစ်ကြောင်းကလိုက်သွားတာ ရွာအလွန်မှာ ဆရာမရဲ့ ရုပ်အလောင်းကို သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တကေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦးကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တကေးချောင်းဖျားကျေးရွာသည် ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း၌ အရပ်သားသတ်ဖြတ်ခံရသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးပါတီဝင်များ သတ်ဖြတ်ခံရသည့်ဖြစ်စဥ်များလည်း မကြခဏဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts