Homeသတင်းဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တောင်စွန်းကျေးရွာ ကရင်စုလမ်းထိပ်နေ အသက် ၃၆ နှစ်အရွယ် ကိုမြင့်မြတ်ဆိုသူကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်က ၎င်းဖွင့်လှစ်ထားသည့် ကျော်ကျော်စတိုးဆိုင်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ကိုမြင့်မြတ်ကို အင်္ကျီဆင်တူ ဝတ်ဆင်ထားသည့် လူငယ် ၄ ဦးတို့က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလားပြီး ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

“သူဖွင့်ထားတဲ့ စတိုးဆိုင်မှာပဲ ပစ်ခတ်ခံရတယ်။ သေနတ် ၄/ ၅ ချက်လောက်ပစ်သွားတယ်။ လည်ပင်နဲ့ အဆုတ် ထိသွားတယ်လို့ သိရတယ်” ဟု တောင်စွန်းဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဒဏ်ရာရရှိခဲ့သည့် ကိုမြင့်မြတ်ကို တောင်စွန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်မြို့ရှိ ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကိုမြင့်မြတ် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်း၌ ပစ်ခတ်ခံရသည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိပြီး သေဆုံးမှုလည်း ရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts