Homeသတင်းသိမ်ဇရပ်မြို့က CDM ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ

သိမ်ဇရပ်မြို့က CDM ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အကွက် (၂) က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

CDM လုပ်ထားသည့် အလယ်တန်းပြကျောင်းဆရာမ ဆရာမဒေါ်ခင်ခင်ထွေး နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ဧည့်စာရင်းဝင်စစ်သည့်ပုံစံဖြင့် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“CDM လုပ်တာသိသွားလို့ အိမ်ကို ဧည့်စာရင်းဝင်စစ်ရင်းနဲ့ ဖမ်းသွားတယ် အခုအထိဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူး” ဟု ၎င်းဒေသခံက ပြောသည်။

ဖမ်းဆီးခံရသည့် ဆရာမဒေါ်ခင်ခင်ထွေးသည် သိမ်ဇရပ်မြို့ နဝရတ်အထက်တန်းကျောင်းတွင် အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးဖြစ်သည်။

ဆရာမဒေါ်ခင်ခင်ထွေးသည် CDM ပြုလုပ်ပြီးနောက် အွန်လိုင်းစျေးရောင်းကာ အသက်မွေးဝမ်းကျောင်းပြုနေသည်ဟု ဒေသခံတို့က ပြောသည်။

“ကျွန်တော်တို့ပြည်တွင်းမှာ နေနေရတဲ့ ဆရာမတွေ ပိုဆိုးတယ် ဘယ်အချိန်မဆို ဖမ်းဆီခံရတဲ့ အနေအထားရှိတယ်။  CDM လုပ်တဲ့ကျောင်းဆရာတွေမက  အကုန်လုံးပေါ့နော် အမည်ထွက်တဲ့လူဆို ပိုဆိုးတယ် အမည်မထွက်တဲ့လူက ကိစ္စမရှိပါဘူး” ဟု CDM ပြုလုပ်ထားသူတစ်ဦးက ပြောသည်။

အလားတူ ကျိုက်ထိုမြို့နယ်အတွင်း၌လည်း CDM ပြုလုပ်သူများ မကြာခဏဖမ်းဆီးခံနေရပြီး ကျောင်းဆရာမ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts