Homeသတင်းတွင်းထဲ ပြုတ်ကျသည့် မြန်မာကလေးငယ် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

တွင်းထဲ ပြုတ်ကျသည့် မြန်မာကလေးငယ် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

-

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်၊ ဆီရိရတ့်ဆဒွန်းကျေးရွာအုပ်စုတွင် ကျဉ်းမြောင်းသည့် တွင်းထဲ ပြုတ်ကျခဲ့သည့် အသက် ၁ နှစ် ၇ လအရွယ် မြန်မာမိန်းကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာမိန်းကလေးငယ်သည် ပလောပီနံစိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုမှဖြစ်ပြီး ဖေဖေါ်ဝါရီ ၆ ရက်နေ ညနေ ၄ နာရီခွဲဝန်းကျင်အချိန်ခန့်က တစ်ပေပတ်လည်ရှိတွင်းထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။

ကလေး တွင်းထဲပြုတ်ကျသွားသည်ကို သိရှိသည်နှင့် ကလေးမိဘတို့က ထာ့ဆိုင်လွကျေးရွာရှိ သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဌာနမှူးထံ အသိပေးအကြောင်းကြားခဲ့ပြီးနောက် ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တို့က ကလေးငယ်အား ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တို့၏ မရပ်မနေားကြိုးစားမှုကြောင့် ကျဥ်းမြောင်းသည့် တွင်းပေါက်အတွင်း ၁၈ နာရီခန့်ကြာ ပိတ်မိနေခဲ့သည့် မိန်းကလေးငယ်ကို အသက်ရှင်လျင် ကယ်ဆယ်နိုင်ခဲ့သည်။

“ကလေးလေးကျသွားတဲ့ တွင်းကလူတစ်ကိုယ်စာလောက်ပဲရှိတော့ အရင်ဆုံး ကင်မရာကို ကြိုးချည်ပြီးချကြည့်ကြတယ်။ ကလေးက အသက်ရှင်နေသေးတယ်ဆိုတဲ့အတွက် ကလေးကျနေတဲ့ တွင်းကို ဘတ်ဟိုးတွေနဲ့ တူးဆွကြတယ်။ အဲ့ဒီလိုတူးဆွနေရင်းနဲ့ ဒီနေ့မနက် (၈) နာရီလောက်မှာ ကလေးငိုသံကြားရတယ်။ အဲ့ဒါနဲ့ ဆက်ပြီးတူးဆွရင်းနဲ့ မနက် (၁၀) နာရီ (၄၀) မိနစ်အချိန်မှာ ကလေးငယ်ကို အသက်ရှင်လျက်အချိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တွင်းထဲကနေ ကယ်ဆယ်နိုင်ခဲ့သည့် မြန်မာမိန်းကလေးငယ်ကို မဲဆောက်အခြေစိုက် Rescue Team ၏ အကူအညီဖြင့် ဖုပ်ဖရဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts