Homeသတင်းပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်နေသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာ

ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်နေသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာ

-

ပစ်ခတ်တိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသည့် မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်တွေကို စစ်အုပ်ချုပ်ရေး(Martial Law) ဒေသအဖြစ် စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့က ကြေညာလိုက်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်း စစ်ကောင်စီက ကြေညာထားသည်။

တိုင်းမှူးသည် အချိန်နှင့်တပြေညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်ဟုလည်း ဆိုထားသည်။

စစ်အုပ်ချုပ်ရေးကာလတွင် အုပ်ချုပ်ရေးကိစ္စများအပြင် တရားစီရင်ရေးကိစ္စများပါ စစ်တပ်ကကိုင်တွယ်သွားမည်ဖြစ်ပြီး တရားရုံးကချမှတ်ထားသည့် မတရားအမိန့်များအပေါ် အယူခံတက်ခွင့် မရှိဘူးလို့လည်း ပါသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် သာမာန်မဟုတ်သည့်အခြေအနေဆိုပြီး ဖွဲ့စည်းပုံပါ ပုဒ်မ ၄၂၅ ကို သုံးပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးယူခဲ့ပြီးနောက် စစ်ကောင်စီက တိုင်းနှင့် ပြည်နယ်အချို့က မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးဖြစ်နေကြောင်း နိုင်ငံရေးအကဲခတ်သူအချို့က သုံးသပ်ပြောဆိုနေကြတာလည်းရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts