Homeသတင်းမွန်ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာကျပ် ၁၅၀၀ ခန့် စျေးပြန်တက်

မွန်ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာကျပ် ၁၅၀၀ ခန့် စျေးပြန်တက်

-

မွန်ပြည်နယ်ဈေးကွက်အတွင်း စားအုန်းဆီဈေး တစ်ပိဿာကျပ် ၁၅၀၀ ခန့်  ပြန်လည်မြင့်တက်လာခဲ့ကြောင်း စားအုန်းဆီ လက်လီလက္ကားရောင်းဝယ်နေသူတို့ထံမှ သိရသည်။

လမ်းခရီးအခက်အခဲနှင့် အချိန်ကြန့်ကြာမှုများကြောင့် ကားခမြင့်တက်လာသည်နှင့် စားအုန်းဆီဈေးလည်း မြင့်တက်လာသည်ဟု မော်လမြိုင် မောင်ငံ‌ဈေးအနီးက စားအုန်းဆီ လက်လီရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

စားအုန်းဆီစျေးသည် ပြီးခဲ့သည့် အောက်တိုဘာလက တစ်ပိဿာ ‌ကျပ် ၁၀၀၀၀ အထိ စံချိန်တင် စျေးမြင့်တက်ခဲ့ပြီးနောက် နိုဝင်ဘာလမှာတော့ တစ်ပိဿာ ကျပ် ၆၅၀၀ ဝန်းကျင် စျေးပြန်ကျသွားခဲ့သည်။

“လမ်းခရီးကြောင့် အဲ စရိတ်တွေပါ အကုန်ပေါင်းထည့်ရတာတော့ ဈေးတွေက တက်တာပေါ့။ လမ်းမှာ ကြာရင် ကြာသလို စရိတ်က တက်လာတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စျေးကွက်အတွင်း၌ စားအုန်းဆီစျေး တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင် ပေါက်စျေးရှိနေသည်။

စျေးကွက်အတွင်း စားအုန်းဆီဈေး ပြန်တက်လာသော်လည်း ယခင်ဈေးနှုန်းအတိုင်း ရောင်းချနေသည့်ဆိုင်လည်း ရှိနေသည်ဟု ဈေးကြိုရပ်မှ စားအုန်းဆီ လက်လီလက္ကားရောင်းချနေသူတစ်ဦးက ပြောသည်။

“တက်ဈေးနဲ့ ရောင်းနေတဲ့လူတွေလည်းရှိတယ်။ အရင်ဈေးအတိုင်း မတက်ဘဲ ရောင်းပေးနေတဲ့ဆိုင်တွေလည်းရှိတယ်။ အခုက လမ်းတွေပိတ်တယ်၊ အစစ်ဆေးတွေများတော့ ကြာတယ်။ အဲတော့ နောက်လာမယ့်ဆီတွေကတော့ ဈေးတက်ဖို့ရှိတယ်”ဟု ၎င်းက ပြောသည်။

စားအုန်းဆီစျေး ပြန်လည်မြင့်တက်လာသည့်နောက်တွင် စားအုန်းဆီ အရောင်းအဝယ် အေးနေကြောင်း မွန်ပြည်နယ်စျေးကွက်အတွင်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts