Homeသတင်းမုဒုံ အမျိုးသမီးအိမ်တွင်းမှုကျောင်းအနီး ဗုံးပေါက်၊ အမျိုးသားတစ်ဦးသေဆုံး

မုဒုံ အမျိုးသမီးအိမ်တွင်းမှုကျောင်းအနီး ဗုံးပေါက်၊ အမျိုးသားတစ်ဦးသေဆုံး

-

Photo – Google

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကွမ်းတာကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမဘေးရှိ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအနီး တွင် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်ငြိမ်းချမ်းဆိုသူ သေဆုံးသွားကြောင်း ဦးကျော်ငြိမ်းချမ်းသည် မော်လမြိုင်မြို့မှ ဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

“ဗုံးပေါက်သံကတော့အကျယ်ကြီးပဲ၊ ခနတော့ စစ်တပ်တွေ ရောက်လာပြီးတော့ စစ်ဆေးမှုပြုလုပ်တယ် အမျိုးသားတစ်ယောက်တော့ ထိခိုက်ဒဏ်ရာနဲ့ သေသွားတယ်” ဟု ဗုံးပေါက်ကွဲမှုအနီးရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအနီးတွင်လည်း လက်လုပ်မိုင်း၊ လက်နက်နှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိသည်လည်း အဆိုနေရာအနီးရှိ ဒေသခံအချို့တို့၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts