Homeသတင်းရေးမြို့နယ် ကျုံလောင်း(ရွာဟောင်း)ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရေးမြို့နယ် ကျုံလောင်း(ရွာဟောင်း)ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၆)

ရေးမြို့နယ် ကျောက်မိချောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းကြားရှိ ကွမ်းသီးအရောင်းအဝယ်ဒိုင်တွင် ယနေ့ (စက်တင်ဘာ ၂၆ ရက်) နေ့လည်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

အဆိုပါ သေဆုံးသူ ဦးကျော်နိုင်ဦးမှာ ဇနီးဖြစ်သူနှင့် အတူ ကွမ်းသီးအရောင်းအဝယ် ဒိုင်လုပ်ကိုင်နေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“သူက သူ့မိန်းမနဲ့  ကွမ်းသီးဒိုင်မှာရှိနေတယ်။ သေနတ်နဲ့ ဝင်ပစ်သွားတယ်။ သေတဲ့လူက သေနတ် ၁၀ ချက်လောက်ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးကျော်နိုင်ဦးသည် နစကကောင်စီနှင့် ပက်သက်ဆက်နွယ်နေပြီး   ကွမ်းသီးဝယ်ရင်း အထူးသတင်းပေးနေသူတစ်ဦး ဖြစ်၍ ပစ်ခတ်သတ်ဖြတ်ခြင်း ဖြစ်ကြောင်း YGF – ရေးပျောက်ကျားအဖွဲ့ လူမူကွန်ယက်စာမျက်နှာတွင် ပြန်ထားသည်။

ဦးကျော်နိုင်ဦးမှာ ကျုံးလောင်းရွာဟောင်း ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ကွမ်းသီးခြံအလုပ်ကိုင်နှင့် ကွမ်းသီးအရောင်းဝယ်ရေးဒိုင် ပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ရေးမြို့ ပြည်သူဆေးရုံးရင်ခွဲရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာစစ်တပ်က အာဏာယူပြီးနောက် မွန်ပြည်နယ်အတွင်းတွင် အုပ်ချုပ်ရေးမှူးများ၊ USDP ပါတီဝင်များ၊ စစ်မှူးထမ်းဟောင်းများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရမှုများ ရှိနေသည်။

 Topics; #ရေးမြို့နယ် # #သေနတ်ပစ်ခံရ #သေဆုံး #ကွမ်းသီးဒိုင် #နစကကောင်စီ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts