Homeသတင်းသံဖြူဇရပ်မြို့အထွက် ကားလမ်းမကြီးဘေး ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ရုပ်လောင်းတွေ့ရှိ

သံဖြူဇရပ်မြို့အထွက် ကားလမ်းမကြီးဘေး ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ရုပ်လောင်းတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၃)

သံဖြူဇရပ်မြို့အထွက် သံဖြူဇရပ် – ရေး ကားလမ်းမကြီးဘေးရှိ ခြံတစ်ခြံတွင် ပုပ်ပွနေသည့် အမျိုးသားတစ်ဦး ရုပ်လောင်းကို ယမန်နေ့ စက်တင်ဘာ  ၂၂ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း လမိုင်းပရဟိတလူငယ်အဖွဲ့ဝင်ထံမှ သိရသည်။

သေဆုံးပြီး ၁၀ ကျော်အကြာမှ တွေ့ရှိခြင်း ဖြစ်သောကြောင့် သေဆုံးသူမှာ မည်သူဖြစ်သည်ကို ခန့်မှန်း၍ မရအောင် ဖြစ်နေကြောင်း ၎င်းက ပြောသည်။

“တစ်ယောက်ယောက်က အကြောင်းကြားလာလို့ သွားယူပေးတာ ဘယ်သူမှန်းမသိ၊ ပိုင်ရှင်လဲမရှိ၊ သေနေတာ ၁၀ ရက်ကျော်လောက်ရှိတယ်။ အကုန်လုံးပုပ်ပွကုန်ပြီး ဘာမရှိတော့ဘူး။ ရုပ်အကုန်လုံးပျက်ကုန်ပြီး” ဟု ၎င်းက ပြောသည်။

 အဆိုပါ ပိုင်ရှင်မဲ့ အမျိုးသားရုပ်လောင်းကို လမိုင်းပရဟိတလူငယ်များအဖွဲ့က လမိုင်းမြို့ သုသာန်သို့ကူညီ သယ်ယူပို့‌ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသေဆုံးခြင်းနှင့် ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များမှ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သံဖြူဇရပ် – ရေးလမ်းမကြီး စံပြကျေးရွာနှင့် နှင်းစုံကျေးရွာ အကြားရှိ ရေမြောင်းတစ်ခုအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရှိသည်။

Topics; #သံဖြူဇရပ် #ရေးမြို့ #ကားလမ်းမကြီး #ပိုင်ရှင်မဲ့ရုပ်အလောင်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts