Homeသတင်းမွန်ပြည်နယ်အတွင်း စက်တင်ဘာလလယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၉ ဦး ရှိ

မွန်ပြည်နယ်အတွင်း စက်တင်ဘာလလယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၉ ဦး ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၄)

မွန်ပြည်နယ်အတွင်း စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၃၉ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့နယ်တွင် ရောဂါကူးစက်မှု မြင့်တက်လာခဲ့ပြီး ရန်ကုန်ပြန်လာသူများမှ တစ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာသည့် လက္ခဏာတွေ့ရကြောင်း ကိုဗစ်အရေး ကူညီနေသည့် ဆရာဝန်တစ်ဦးက ပြောသည်။

“အခုတော့ ကိုဗစ်က အဖြစ်များလာမယ့်အနေအထားရှိတယ်။ ပြီးရင် ပြန်ကျသွားမှာပါ။ ဒါပေမယ့် စနစ်တကျ mask တပ်တာတွေ လူစုလူဝေးရှောင်တာတွေတော့ လုပ်ဖို့လိုတယ်”ဟု ပြောသည်။

မော်လမြိုင်မြို့နယ်တွင် ၂၁ ဦး၊ ပေါင်မြို့နယ်တွင် ၈ ဦး၊ သထုံမြို့နယ်တွင် ၆ ဦး၊ မုဒုံ မြိုနယ်တွင် ၁ ဦး၊ သံဖြူဇရပ်မြိုနယ်တွင် ၁ ဦး၊ ကျိုက်ထို မြို့နယ်တွင် ၁ ဦးနှင့် ရေးမြိုနယ်တွင် ၁ ဦး စုစုပေါင်း ၃၉ ဦးထိ ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာများမှာ ကိုဗစ်ရောဂါလက္ခဏာများ တွေ့ရသော်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အရင်လတွေက ပြည်ပပြန်လာသူတွေဆီက တွေ့တယ်။ အခုက ရန်ကုန်ပြန်လာသူတွေဆီမှာ တွေ့ရတာတွေ ရှိတယ်။ ဘယ်ကပဲ ပြန်လာလာ ကျန်းမာရေးစစ်ဆေးမှုခံယူတာ၊ အသိပေးတာ လုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မွန်ပြည်နယ်တွင် ကိုဗစ်လူနာအသစ် ၄၂ ဦးတွေ့ရှိခဲ့ရပြီး ၃၆ ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။

Topics; #မွန်ပြည်နယ် #ကိုဗစ် #ကူး #အတည်ပြုလူနာ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts