Homeသတင်းအစင်ကျေးရွာမှဓါတ်ပုံဆရာ ကိုဖိုးစီ သေနတ်ပစ်သတ်ခံရပြီးသေဆုံး

အစင်ကျေးရွာမှဓါတ်ပုံဆရာ ကိုဖိုးစီ သေနတ်ပစ်သတ်ခံရပြီးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၃)

ရေးမြို့နယ် တူးမြောင်းကျေးရွာအနီးရှိ လေယာဉ်ကွင်းဟောင်းတွင် ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အစင်ကျေးရွာမှ ဓါတ်ပုံဆရာကိုဖိုးစီ သေနတ်ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၃၈ နှစ်ခန့်ရှိ ကိုဖိုးစီ ဦးခေါင်းပွင့်ထွက်သွားပြီး ရင်ဘတ်တွင်လည်း သေနတ်ဖောက်ထွက်ဒဏ်ရာများဖြင့် ထိမှန်သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

၎င်းက “သူက ကျိုက်ဒေတမော့ပရတ်မှာ ဓာတ်ပုံသွားရိုက်ဖို့ ကားနဲ့ တက်လာပြီးတော့ ရေးနဲ့ တူးမြောင်းကြားမှာပဲ ပစ်သတ်ခံထိတယ်။ ပစ်ခံထိပြီးတော့ သူစီးလာတဲ့ ကားကိုလည်း ရေးဘီလူးအဖွဲ့က ယူသွားတယ်” ဟု ပြောသည်။

ကိုဖိုးစီကို ရေးဘီလူးအဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်း စီးလာသည့် ကားကို ရေးဘီလူးအဖွဲ့မှ ယူဆောင်သွားကြောင်း ၄င်းကဆက်ပြောသည်။

ယခုသေဆုံးသူ ကိုဖိုးစီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်မြင့်၏သားဖြစ်ကြောင်း သိရသည်။

Topics; #အစင်ကျေးရွာ #ဓါတ်ပုံဆရာ #ရေးဘီလူးအဖွဲ့ #သေနတ်ပစ်ခတ် #သေဆုံး

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts