Homeသတင်းမုဒုံမြို့နယ် ကော့ပရံကျေးရွာ တံတားကြီးတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မုဒုံမြို့နယ် ကော့ပရံကျေးရွာ တံတားကြီးတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၁)

မုဒုံမြို့နယ် ကော့ပရံကျေးရွာအထွက် တံတားကြီးတွင် ယမန်နေ့  စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲခန့်ကအမျိုးသားတစ်ဦး ငါးဖမ်းနေစဉ် ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“သူ့အလောင်းကို ၇ နာရီကျော်ကျော်လောက်မှပြန်တွေ့တယ်။ သူငါးဖမ်းပိုက်ချရင်းနဲ့ သူအမေကို ငါးလှမ်းပေးတဲ့အချိန်မှာ ရေထဲမြုပ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသူ ရုပ်အလောင်းကို စေတနာ့အလင်းရောင် နာရေးကူညီမှုအသင်းမှ‌ ရေငုပ်သမား (၃) ဦး၊မု‌ဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ရှာဖွေဆယ်ယူပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားဟာ အသက် ၃၀ နှစ်ရှိပြီး မုဒုံမြို့ ကော့ပရံကျေးရွာတွင် နေထိုင်ကာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်းသိရသည်။

သေဆုံးသူရုပ်အလောင်းကို တံတားကြီးအောက်တွင် တွေ့ရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်များမှ မုဒုံဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်  ဇွန်လ ၁၁ ရက်က မုဒုံမြို့နယ် ကော့ခလွယ်ကျေးရွာရှိ ချောင်းငယ်တစ်ခုတွင် အသက် ၉ နှစ်အရွယ်ကလေးငယ် ၂ ဦး ရေဆင်းကူးရာ ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

Topic; #မုဒုံမြို့နယ် #သေဆုံး #ကလေးငယ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts