Homeသတင်းဘုရားသုံးဆူဒေသမှ ICE မူးယစ်ဆေးဝါး ၅ ကီလိုဂရမ် ကားဖြင့်သယ်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းရဲနှင့် စစ်တပ်ဖမ်းမိ

ဘုရားသုံးဆူဒေသမှ ICE မူးယစ်ဆေးဝါး ၅ ကီလိုဂရမ် ကားဖြင့်သယ်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းရဲနှင့် စစ်တပ်ဖမ်းမိ

-

မွန်သတင်းအေဂျင်စီ (၁၀ စက်တင်ဘာ ၂၀၂၂)

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ICE မူးယစ်ဆေးဝါး ၅ ကီလိုဂရမ်ကို ထိုင်းနိုင်ငံအတွင်းသို့ မော်တော်ကားဖြင့်သယ်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးအား ယနေ့နံနက်က စံခလပူရီမြို့ဝင်ထွက် ရန်တီ Runtee တံတားအလွန်တွင် ထိုင်းရဲနှင့်စစ်တပ်တို့ ဖမ်းမိကြောင်း သတင်းရရှိသည်။

“ဒီနေ့မနက် ၉ နာရီ ရန်တီတံတား စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ကားတွေကို လုံခြုံရေးစစ်ဆေးနေတုန်း ထောင်ဖာဖွန်ဘက်ကိုသွားနေတဲ့ ပစ်ကပ်ထရပ်ကားက အရှိန်မြှင့်ပြီး ရဲကိုဝင်တိုက်တယ်၊ ဂိတ်မှာရပ်ပြီးစစ်ဆေးမခံဘဲ ကားကိုအတင်းမောင်းပြေးတယ်” ဟု ထိုင်းလုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းသို့မော်တော်ကားထွက်ပြေးရာနောက်သို့ ထိုင်းလုံခြုံရေးအဖွဲ့က မော်တော်ကားဖြင့်နောက်မှ ထပ်ချပ်မကွာ လိုက်လံဖမ်းဆီးရာ ဘန်တီကျုံဘုရားကျောင်းနေရာအနီး လမ်းဘေး၌ပစ်ကပ်ကားပစ်၍ တောအုပ်ထဲထွက်ပြေးပုန်းအောင်းနေသူ အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားကို ICE မူးယစ်ဆေးဝါး ၅ ထုပ်နှင့်အတူ ထိုင်းဘတ်ငွေ ၂၅၀၀၀ ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ဖမ်းဆီးမိသူ၏ ဝန်ခံပြောပြချက်အရ စူရတ်ဌာနီမှ ကိုယ်တိုင်ကားမောင်းပြီး ဘုရားသုံးဆူကျေးရွာ(ထိုင်းနယ်မြေ) သို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ မြန်မာအမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်ခ ဘတ်ငွေ ၂၅၀၀၀ လက်ခံခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။  

ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူဒေသ၌ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ဂိတ် တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသေ်လည်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများနှင့် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ အလွယ်တကူ ဝင်ရောက်နိုင်သည့် မှောင်ခိုလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

Topics; #ဘုရားသုံးဆူ #ထိုင်း-မြန်မာနယ်စပ် #ICE #မူးယစ်ဆေးဝါး #ရဲနှင့်စစ်တပ် #ဖမ်းဆီးခံရ

Photo; Supachai Ponthip

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts