Sunday, May 10, 2026
More
    spot_img
    Homeသတင်းရေးခရိုင်တရားရုံး ပစ်ခတ်ခံရ

    ရေးခရိုင်တရားရုံး ပစ်ခတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၀)

    ရေးမြို ရန်ကြီးအောင်ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ကျုံးပတ်လမ်းထောင့်ရှိ ကုန်တင်ကုန်ချရုံးတွင် ဖွင့်လှစ်ထားရှိသည့် ခရိုင်တရာရုံးကို စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းက ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

    Crown ကားအဖြူရောင်ဖြင့် လိုက်ပါစီးနင်းလာသော အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက အောင်သုခ ရပ်ကွက် (၂) လမ်းထိပ်မှ M.40 လေးချက်ခန့်နှင့် လက်နက်ငယ် ၃၀ ချက်ခန့်ဖြင့် ရေးခရိုင်တရားရုံးကို နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ သူတို့က အဖွဲ့အလိုက်ပဲကားနဲ့ လာပြီး ခရိုင်တရားရုံးနဲ့ ကိုက် ၆၀ အကွာက လမ်းထိပ်ကနေ လှမ်းပစ်တာ။ M 40 လေးချက်လောက်နဲ့ လက်နက်ငယ် ၃၀ ချက်လောက်ပစ်ပြီး ပြေးသွားတာပဲ” ဟု ၎င်းက ပြော သည်။

    အဆိုပါ ပစ်ခတ်မှုကြောင့် ရေးခရိုင်တရားရုံး ပြတင်းပေါက်တချို့နှင့် ရုံးအဆောက်အဦအတွင်းပိုင်း ပစ္စည်းတချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။

    ရေးခရိုင်အုပ်ချုပ်ရေးမှူး  ဦးဆန်းမင်းက ဒေသကာကွယ်ရေးတပ် (PDF) များကို ဖမ်းပြမည်ဟု စိတ်ခေါ်လိုက်သည့်အတွက် ရေးဘီးလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှ သိရသည်။

    ထို့အတူ စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲခန့်က ရန်ကြီးအောင်ရပ်ကွက် ဗိုလ်ချုပ် လမ်းမကြီးနှင့် ကျုံးပတ်လမ်းဒေါင့်ရှိ ရေးခရိုင်တရားရုံးနှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြို့နယ်ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံးအနီးတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။

    အလားတူ ဘုရင့်နောင်လမ်းဒေါင့် ပြည်ခိုင်ဖြိုးရုံးဝင်ပေါက် တံခါးလမ်းဘေးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကိုလည်း ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။

    မွန်ပြည်နယ် ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဇူလိုင် ၁ ရက်နေ့တွင်လည်ကောင်း၊ ရေးခရိုင်တရားရုံးကို စက်တင်ဘာ ၁ ရက်နေ့တွင်လည်ကောင်း စတင်ဖွင့်လှစ်ကြောင်း သိရသည်။ 

    Topic ; #ရေးမြို့ #ပစ်ခတ် #ခရိုင်တရားရုံး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks