Homeသတင်းဘီးလင်းမြိုနယ် ချောင်းပြန့်ကျေးရွာ လယ်ယာမြေသမဂ္ဂ ဥက္ကဌ ပစ်သတ်ခံရ

ဘီးလင်းမြိုနယ် ချောင်းပြန့်ကျေးရွာ လယ်ယာမြေသမဂ္ဂ ဥက္ကဌ ပစ်သတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၃၀)

မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ချောင်းပြန့်ကျေးရွာ၏ လယ်ယာမြေသမဂ္ဂ ဥက္ကဌ ဖြစ်သူ ဦးပန်းစိန် ဇူလိုင် ၂၉ ရက် ည ၉ နာရီ အချိန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အမည်မသိ သေနတ်သမားတစ်ဦးက ၎င်း၏ နေအိမ်ထဲသို့ ဝင်ရောက်ကာ ပစ်သတ်ခဲ့ခြင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လာတာကတော့ နှစ်ယောက်လာတယ်။ တစ်ယောက်က အပြင်မှာ ဆိုင်ကယ်နဲ့ စောင့်တယ်။ တစ်ယောက်က အိမ်ပေါ်တက်ပြီး သေနတ်နဲ့ ပစ်သွားတယ်”ဟု ၎င်းက ပြောသည်။

ဦးပန်းစိန်၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဦးပန်းစိန်၏ ရုပ်အလောင်းကို ဘီးလင်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သတ်ပြီး ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် ဘီးလင်းမြိုနယ် ကျောက်ရေတွင်း အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts