Homeသတင်းသက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ပြုလုပ်

သက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ပြုလုပ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၉)

မွန်ပြည်သစ်ပါတီ ညီဆားစခန်းမှာ ဖွင့်လှစ်သင်ကြားပို့ချနေသည့် သက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို မနေ့က ဇူလိုင်လ ၁၈ ရက်နေ့တွင် ညီဆားစခန်းမှာ ကျင်းပခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် အခြေခံစက်ချုပ်သင်တန်းမှ သင်တန်းသား ၂၀ ဦး၊ စက်ပြင်သင်တန်းမှ သင်တန်းသား ၁၆ ဦးနှင့် ဆံပင် မိတ်ကပ် အလှပြင်သင်တန်းမှ သင်တန်းသား ၁၇ ဦးတို့ သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်း Logistic Officer ဆရာထောဆိုက်က ဆိုသည်။

“သင်တန်းပြီးသွားတော့ သင်တန်းသားအားလုံးကို လုပ်ငန်းခွင်ထဲ ချိတ်ပေးသွားမယ်၊ သူတို့ဘယ်မှာ အလုပ်လုပ်ချင်လဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ အချက်အလက်တွေ ကောက်ထားပြီးပြီ။ နောက်တစ်ပတ်၊ နှစ်ပတ်လောက်ဆို လူစုပြီး လုပ်ဆောင်ပေးသွားဖို့ရှိတယ်၊ ဒါပေမဲ့ တစ်ချို့တွေက ကိုယ်ပိုင်ဆိုင်တွေလည်း ရှိတယ်၊ သူတို့ရဲ့ အလုပ်ရှင်ရှိပြီးသား သူတွေကျတော့ ချိတ်ဖို့ မလိုဘူးပေါ့” ဟု ပြောသည်။

ဒါ့အပြင် သင်တန်းဆင်းပွဲအပြီးတွင် သင်ကြာထားသည့် ပညာရပ်နှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာ (Tool Box) ကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

သက်မွေးဝမ်းကျောင်းပညာသင်တန်း အပတ်စဉ် (၂) ကို လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်သွားရန်ရှိပြီး လက်ရှိတွင် သင်တန်းလျှောက်လွှာ လက်ခံနေဆဲဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း သက်မွေးဝမ်းကျောင်းပညာသင်တန်းကို နှစ်ကြိမ်သာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် ၃ လအချိန်ယူကာ သင်ကြာပေးလျှက်ရှိသည်။

ကျောင်းတစ်ဝက်တစ်ပျက် နားထားသည့် မွန်လူငယ်များ အလုပ်ကိုင်ခွင့်လမ်း ရရှိစေရန်ရည်ရွယ်ပြီး မွန်ပညာရေးဌာနမှ ဦးစီးကာ အခြေခံစက်ချုပ်နည်း၊ ဆံပင် မိတ်ကပ် အလှပြင်သင်တန်းနှင့် အခြေခံစက်ပြင်နည်းအမျိုးမျိုးကို သင်ကြားပို့ချပေးနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts