Homeသတင်းပေါင်မြို့နယ်တွင် ကလေးငယ် (၃) ဦးရေနစ်သေဆုံး

ပေါင်မြို့နယ်တွင် ကလေးငယ် (၃) ဦးရေနစ်သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၂)

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဖလပ်ကျေးရွာ ဝတ်ကြီးပိုင်း တောင်စောင်းရေတံတစ်ခုတွင် ယနေ့ (ဇူလိုင် ၁၂ရက်) နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က ကလေးငယ် (၃)ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ဝါဆိုလပြည့်နေ့ ဖြစ်သည့်အတွက် ဘုန်းကြီးကျောင်း(တောရကျောင်း)သို့ ကလေးငယ် (၃) ဦး ဆွမ်းပို့ကာ ရေပြည့်နေသည့် ကျောက်မိုင်းတူးထားသော ချိုင့်ကြီး ရေကန်ကြီးထဲတွင် ရေဆင်းကူးရာမှ  ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ကလေး ၃ ယောက်က ရေကစားနေကြရာက ရေနစ်နေတာကို  ပတ်ဝန်းကျင်က လူတွေတွေ့ပြီး အကြောင်းကြားတယ်။ ကျနော်တို့ ရောက်ရှိတဲ့အချိန်မှာ ကလေး ၃ ယောက်စလုံးက အသက်မရှိတော့ဘူး” ဟု ပြောသည်။

ရေနစ်သေဆုံးသူများမှာ မစိုးပြည့်ပြည့်စံ အသက် ၁၁ နှစ်၊ သတ္တမတန်း (မူလွန်) ဇရစ်ချောင်၊ မဖြိုးသီရိ အသက် ၉ နှစ်၊ တတိယတန်း (မူလွန်) ဇရစ်ချောင်၊ မခိုင်ဒါသိန်း အသက် ၁၂ နှစ် ဆဌမတန်း၊ မူလွန် ဇရစ်ချောင် ကျောင်းမှ ဖြစ်ကြပြီး ဝတ်ကြီးအပိုင်းတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် ၃ ဦး၏ ရုပ်အလောင်းကို လူမူကူညီရေးအသင်းက ပေါင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနစ် ဇွန်လ ၁၇ ရက်က သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်တွင် အသက် ၁၁ – ၁၂ နှစ်အရွယ် ကလေး ၃ ဦးနှင့် ကပ္ပိယ အဖွားအိုတစ်ဦး လေးလောင်းပြိုင် ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts