Homeသတင်းသံဖြူဇရပ်မှာ အရေပြား အဖုအပိမ့်ခံစား‌နေရသည့် လူနာတွင် မျောက်ကျောက်ရောဂါလက္ခဏာ မရှိ

သံဖြူဇရပ်မှာ အရေပြား အဖုအပိမ့်ခံစား‌နေရသည့် လူနာတွင် မျောက်ကျောက်ရောဂါလက္ခဏာ မရှိ

-

သံဖြူဇရပ်မှာ အရေပြား အဖုအပိမ့်ခံစား‌နေရသည့် လူနာတွင် မျောက်ကျောက်ရောဂါလက္ခဏာ မရှိ

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၅)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား၏ အရေပြားပေါ်တွင် အဖုအပိမ့်များဖြစ်ပေါ်ခံစားနေရသော်လည်း မျောက်ကျောက်ရောဂါ လက္ခဏာ မတွေ့ရကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်း က ပြောကြားသည်။

အာဟာရချို့တဲ့သောကြောင့် အရေပြားပေါ်တွင် ရောဂါဖြစ်သည့် သဘောမျိုး ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သံဖြူဇရပ်က အရေပြားပေါ်မှာ ရေကြည်ဖောင်းနဲ့ အဖုအပိမ့်တွေဖြစ်နေတဲ့ လူနာက မျောက်ကျောက်ရောဂါရဲ့ လက္ခဏာမျိုးမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လူနာကို သီးသန့်ခွဲထားပြီး လိုအပ်သည့် ဆေးဝါးများကို ပေးထားကြောင်း ထို့ပြင် သမားတော်များနှင့် ရောဂါဗေဒ ဆရာဝန်များက စောင့်ကြည့်ကာ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ဇူလိုင် ၂ ရက်က သံဖြူဇရပ်မြို့ စေတနာရှင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ကို ဖုန်းဆက်လာတယ်။ သူတို့ အဲလို ခန္ဓာကိုယ်မှာ အဖုအပိတ်ထနေတယ်ဆိုပြီး အဲဒါနဲ့ အသင်းက သွားကြည့်ပြီးတော့ သံသယရှိတာနဲ့ ဆေးရုံကို ပို့ပေးခဲ့တာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လက ကျိုက်ထိုမြိုနယ်မှာ အရေပြားပေါ်တွင် အဖုအပိမ့်များထွက်ရှိကာ ရောဂါခံစားနေရသူတစ်ဦးကို မျောက်ကျောက်ရောဂါ သံသယရှိသောကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့သည်။

ဆေးစစ်ဆေးချက်များအရ မျောက်ကျောက်ရောဂါ လက္ခဏာ မတွေ့ရှိဘဲ အရေးပြားရောဂါသာ ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts