Homeသတင်းမော်လမြိုင်မြိုနယ်အတွင်း ATM စက်များတွင် ငွေသားထုတ်နိုင်တော့မည်

မော်လမြိုင်မြိုနယ်အတွင်း ATM စက်များတွင် ငွေသားထုတ်နိုင်တော့မည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၄)

မော်လမြိုင်မြို့နယ်အတွင်း ဧရာဝတီဘဏ်၊ CB ဘဏ်နှင့် KBZ ဘဏ် ATM စက်များတွင် ငွေသားထုတ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ KBZ ဘဏ်၏ ATM စက်များနှင့် Ocean စင်တာအတွင်းရှိ ATM စက်များတွင် ငွေသားထုတ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း KBZ ဘဏ် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ဈေးကြိုနဲ့ အောက်ဈေး ဘဏ်ရယ်၊ ocean က စက်တွေမှာ ထည့်ဖို့ စီစဉ်‌နေကြတာ‌ပေါ့။ ကျန်တဲ့ မီနီဘဏ်က ATM တွေကိုကျ လုံခြုံရေး အနေအထားကို ကြည့်ရဦးမယ့်အခြေအနေပေါ့”ဟု ၎င်းက ပြောသည်။

သို့သော်လည်း လူတစ်ဦးလျှင် ‌တစ်ရက်ကို ငွေအကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ဧရာဝတီဘဏ် ATM စက်များတွင်လည်း တစ်ပတ်ကို ငွေကျပ် ၃ သိန်းနှုန်းဖြင့် ထုတ်ပေးနေပြီး ငွေထုတ်ပေးရာတွင် လူတစ်ဦးလျှင် ကဒ် တစ်ကဒ်အတွက်သာ ငွေသားထုတ်ယူနိုင်ကြောင်း သိရသည်။

ဧရာဝတီ ATM စက်များတွင် ငွေသားထုတ်ပေးခြင်းကို ဇွန်လ မကုန်ခင်မီက စတင် ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိတွင် ဘဏ်စာအုပ် တစ်အုပ်ကို တစ်ပတ်လျှင် ငွေကျပ် ၅ သိန်းနှုန်း ငွေထုတ်ပေးနေကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အထား ခိုင်လုံပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘဏ်စာရင်းများမှ တစ်ပတ်ကို ငွေကျပ် သိန်း ၁၀၀ ထိ ငွေထုတ်ပေးကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts