Homeငြိမ်းချမ်းရေးကရင်ပြည်နယ်ရှိ AA တပ်စခန်းကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက် ၆ ဦးကျဆုံး

ကရင်ပြည်နယ်ရှိ AA တပ်စခန်းကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက် ၆ ဦးကျဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၅)

ကရင်ပြည်နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) အတွင်းရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုအား စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးကြောင်း ဇူလိုင် ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်အနီးရှိ AA တပ်စခန်းတစ်ခု၏ အနီးပတ်ဝန်းကျင်တွင် တစ်စုံတရာတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ဖက်မှ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် ဇူလိုင် ၄ ရက်နေ့က  ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကို ပြောကြားထားသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီလိုမျိုးလာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုအပေါ် လိုအပ်သလို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆက်ပြောသည်။

အဆိုပါ စခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း AA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အတွင်းသာမက ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသ၊ ကရင်ပြည်နယ်တို့တွင် ဖြန့်ကြက်လှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts