Homeသတင်းရေးမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး

ရေးမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန်လ ၁၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဇော်လတ် လက်ဘက်ရည်ဆိုင်တွင် အမျိုးသားနှစ်ဦး ယနေ့ (ဇွန်လ ၁၇ရက်) နံနက် ၈ နာရီခွဲအချိန်၌ သေနတ်ဖြင့် အပစ်ခံရပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူများမှာ ရေးဘီလူးအဖွဲ့မှဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

“မနက် ၈ နာရီခွဲလောက်က ဖြစ်တာ။ လူငယ် နှစ်ယောက်ပါ။ လက်ဘက်ရည်ထိုင်သောက်နေတာ လာပစ်သွားတယ်။ နေရာတင် ပွဲချင်းပြီး သေသွားတယ်။ ရေဘီလူးကကောင်တွေ လက်ချက်ပဲ။ မကြာခင် သူတို့ပေ့မှာ တက်လာလိမ့်မယ်”ဟု ၎င်းက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ ရေးမြို့မှ ကိုကြည်ဟိန်းနှင့် ကျုံလောင်းကျေးရွာမှ ကိုအရှည်ကြီးတို့ ဖြစ်ကြောင်း သိရသည်။

ရေးဘီလူးအဖွဲ့က ကိုအရှည်ကြီးဆိုသူအား ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ပြီး ဘေးတွင် ထိုင်နေသူ ကိုကြည်ဟိန်းမှာလည်း ကျည်များ ထိမှန်ကာသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ် ကဗျာဝကျေးရွာတွင်လည်း ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းက မွန်လေးဆိုသူ သေနတ်ဖြင့် ၁၄ ချက် အပစ်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။

ရေးမြို့နယ်ရှိ ပစ်ခတ်မှုများကို ရေးဘီလူးအဖွဲ့မှ လုပ်ဆောင်နေပြီး‌ ရေဘီလူးအဖွဲ့အား ဖမ်းဆီးနိုင်သူကို ဆုငွေချီးမြှင့်မည်ဟု သက်ဆိုင်ရာက ကြေညာထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts