Homeသတင်းမွန်ပညာရေးဌာနမှ အလယ်တန်းသင် ဆရာ/ဆရာမများ အတွေ့ကြုံဆွေးနွေးဖလှယ်ပွဲ ကျင်းပ

မွန်ပညာရေးဌာနမှ အလယ်တန်းသင် ဆရာ/ဆရာမများ အတွေ့ကြုံဆွေးနွေးဖလှယ်ပွဲ ကျင်းပ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၉)

မွန်အမျိုးသားပညာရေးဌာနမှ အလယ်တန်းသင် ဆရာ ဆရာမများ အတွေ့ကြုံဆွေးနွေးဖလှယ်ပွဲကို မေလ ၂၇ ရက်နေ့ကစပြီး မော်လမြိုင်မြို့ မွန်ပညာရေးဌာနရုံးတွင်  ၂ ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီဝင် ဆရာမင်းအောင်ဇေက ပြောသည်။

“အလယ်တန်းဆင့် ဆရာ ဆရာမတွေရဲ့ ဆွေးနွေးပွဲကို အခုမှ တစ်ခါလုပ်ဖူးတယ်၊ မလုပ်ခင်မှာလည်း အချက်အလက် ကောက်တာမျိုးတွေလည်း လုပ်ထားတာရှိတယ်၊ အဓိကကတော့  သင်ကြားရေးအပိုင်းအတွေ့ကြုံအခက်ခဲ၊ မွန်ပြည်သစ်၏ ပညာရေးမူဝါဒနှင့် မွန်ပညာရေးဌာန၏ ပညာရေးမူဝါဒဆိုင်ရာများကို ပေါင်းကူး ဆွေးနွေး ဖလှယ်သွားဖို့ပါ” ဟု ဆရာမင်းအောင်ဇေက ပြောသည်။

အတွေ့ကြုံဖလှယ် ဆွေးနွေးပွဲကို ယခင်က မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ညီဆားစခန်းမှာ ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း ရာသီဥတုအခြေနေကြောင့် မော်လမြိုင်မြို့ရှိ ပညာရေးရုံးမှာ ကျင်းပဖြစ်ခဲ့ကြောင်းလည်း သိရသည်။

အတွေ့ကြုံဖလှယ်ဆွေးနွေးပွဲကို ယခင်က အတန်းပေါင်းစုံမှ ဆရာ ဆရာမများနှင့် ညီဆားစခန်းတွင် ကျင်းပခဲ့သော်လည်း အလယ်တန်းအဆင့် ဆရာ ဆရာမများ တောင်းဆိုမှုကြောင့် ပထမဆုံးအကြိမ် အကောင်ထည်ဖော် ကျင်းပခဲ့ကြောင်း မွန်ပညာရေးဌာနမှ ပရိုဂရမ်မန်နေဂျာ မိလှိုင်နွန်က ပြောသည်။

“ဆရာ၊ ဆရာမတွေအတွက် တန်ဖိုးကြီးတဲ့ဆွေးနွေးပွဲလေးတစ်ခုပါ၊ သူတို့လုပ်ငန်းခွင်ထဲက အားသာချက် တွေကိုမျှဝေပေးပြီး အာနည်းချက်တွေကို ပညာရေးဌာ ကနေပြီးတော့ ဝိုင်းဝန်အဖြေရှာခဲ့ကြတယ်၊ မွန်ပညာရေး ပန်းတိုင်က ဘာလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း သိရှိသွားတယ်”  ဟု မိလှိုင်နွန်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၏ သထုံခရိုင် မော်လမြိုင်ခရိုင် ထားဝယ်ခရိုင်နှင့် ဗဟိုဌာနချုပ်မှ ကျောင်းအုပ်နှင့် ဆရာ ဆရာမ ၁၃၀ ဦး တက်ရောက်ခဲ့ကြောင်း၊ မွန်အမျိုးသားပညာရေးဌာနလက်အောက်တွင် မွန်ကျောင်းဆရာ/မ ဦးရေ ၈၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts