Homeသတင်းမွန်ပြည်နယ် ဒူးရင်းသီးစျေးကျနေ

မွန်ပြည်နယ် ဒူးရင်းသီးစျေးကျနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၅)

မွန်ပြည်နယ် ရေးမြို့နယ်မှ ထွက်ရှိသည့် ဒူးရင်းသီးများမှာ ဒူရင်းသီးအထွက်များလာခြင်းကြောင့် မေလ ၂၃ ရက်မှ စတင်ကာ ဒူးရင်းသီးပေါက်စျေး ပြန်လျှော့ကျလာကြောင်း ဒူးရင်းသီး ရောင်းဝယ်သူတစ်ဦးထံက သိရသည်။

“အစကတော့ စျေးကောင်းတယ် အခုဒူးရင်းသီးများလာတယ်ဆိုတော့ များရင် များသလို စျေးပေးရတာပေါ့။ ဒူးရင်းသီးများလာတာ ၂ ရက်ရှိနေတယ်လို့ ” ၎င်းက ပြောသည်။

လက်ရှိတွင် ဒူးရင်းသီးအလုံးကြီးတစ်လုံးကို ၃၀၀၀ ကျပ်၊ အလတ်တစ်လုံးကို ၂၀၀၀ ကျပ်သာ စျေးရှိကြောင်း သိရသည်။

ရေးမြို့နယ်ထွက် ဒူးရင်းသီးစျေးနူန်းဟာ ဒူးရင်းသီး စထွက်သည့်အချိန်မှာ အလုံးကြီးတစ်လုံးကို ၅၀၀၀ကျပ်၊ ၆၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်အထိ စျေးကောင်းရခဲ့ကြောင်း သိရသည်။

မေလ ၂၃ ရက်က ဒူရင်းသီးအလုံးအရေအတွက် အလုံး ၄၀၀၀ ကျော် ရောက်ရှိလာပြီး ယမန်နေ့က ဒူးရင်းသီးအလုံး ၇၀၀၀ ကျော် ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဒူးရင်းသီးစျေး စျေးပြန်ကျသွားခြင်း ဖြစ်ကြောင်း ဒူးရင်းသီး ရောင်းဝယ်သူတစ်ဦးထံက ပြောသည်။

ရေးမြို့နယ်ထွက် ဒူးရင်းသီးများကို ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ နေပြည်တော်၊ ကျိုက်ထို၊ မော်လမြိုင်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

မြန်မာအိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင် ဒူးရင်းသီးဈေးကောင်းနေသော်လည်း ပြင်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပို့ဆောင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts