Homeသတင်းNLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံ လျှောက်ထားမှု ပယ်ချခံရ

NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံ လျှောက်ထားမှု ပယ်ချခံရ

-

မွန်သတင်းအေဂျင်စီ၊ ၂၀၂၂ မတ် ၂၉

မော်လမြိုင် NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံလျှောက်ထားမှု ပယ်ချခံရကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်သည် နှလုံးရောဂါ ခံစားနေရသောကြောင့် ပြီးခဲ့သည့် ရုံးချိန်းတွင် ၎င်း၏ ရှေ့နေ့အဖွဲ့မှ ကျန်းမာရေးအာမခံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၉ရက် ရုံးချိန်းမှာတော့ အာမခံလျှောက်ထားမှုကို မော်လမြိုင်မြို့နယ် တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့်အပြင် ငွေကြေး ထောက်ပံ့နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်နွယ်နွယ်အောင်ကို လက်ရှိတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒေါ်နွယ်နွယ်‌ေအာင်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သလို မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts