Homeသတင်းသုံးလောင်းပြိုင် လူသတ်မှု တရားခံကို သေဆုံးလျက်ပြန်လည်တွေ့ရှိ

သုံးလောင်းပြိုင် လူသတ်မှု တရားခံကို သေဆုံးလျက်ပြန်လည်တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၂၂)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုတွင် လွတ်မြောက်နေသည့် တရားခံဖြစ်သူ စိုးမင်းကို သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကျိုက်မရောမြို့နယ် ကော့ခလိန် (မွန်အမည်)တွင် ကျေးရွာလူကြီးများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ တရားခံစိုးမင်းဟုတ်၊ မဟုတ် အတည်ပြုရန် စိုးမင်း၏ နေရပ်ဖြစ်သည့် မင်းရွာလူကြီးကို ဆက်သွယ်မေးမြန်းအတည်ပြုခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေတဦးက “ကျွန်တော်တို့ ပြန်တွေ့တော့ သေနေပြီ သေနတ်ဒဏ်ရာနဲ့။ ဒါကတရားခံ ဟုတ်၊ မဟုတ် သေတဲ့သူက မင်းရွာက ဆိုတော့မင်းရွာ ရွာလူကြီးကို ပုံရိုက်ပြီး viber က ပို့တော့ သူကတရားခံဆိုပြီး အတည်ပြုပါတယ်။ အလောင်းကိုရဲက သယ်သွားတယ်” ဟု ပြောသည်။

မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၆ နာရီခန့်က ကော့ကဗိန်းကျေးရွာတွင်  စိုးမင်းဆိုသူသည် ဇနီးဟောင်းဖြစ်သူကို အိမ်ပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ပြီး အသင့်ယူဆောင်လာသည့် ဓါတ်ဆီဖြင့် မီးရှို့နေစဉ် မျက်နှာချင်းဆိုင် အိမ်နီးချင်း လင်မယားနှစ်ဦးက အိမ်ရှေ့သို့ရောက်လာစဉ် နှစ်ဦးစလုံး ပစ်သတ်ခံရပြီး သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့် အိမ်ရှင်အမျိုးသမီး မိထောမွန် အသက် ၃၂ နှစ်၊ မျက်နှာချင်းဆိုင်အိမ်ရှေ့နေ လင်မယား နိုင်ရွှေဦး ၅၉ နှစ်နှင့် မိမြင့် ၅၉ နှစ်တို့ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးလောင်းပြိုင်လူသတ်မှု တရားခံစိုးမင်းသည် ထွက်ပြေးလွတ်မြောက်နေပြီး ၃ ရက် အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts