Homeသတင်းကျိုက်မရောမြို့ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

ကျိုက်မရောမြို့ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၄)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ကုန်းကွက်သစ်အပိုင်းမှ ပြည်သူ့စစ်ခေါင်းဆောင်  ဦးမန်းတင်သည် သေနတ်ဖြင့်အပစ်ခံရပြီးသေဆုံးခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကျေးရွာအတွင်း လျှပ်စစ်မီတာခများ လိုက်လံကောက်ခံနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီတာလိုက်ကောက်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ပြောတယ်။ ကျည်ဒဏ်ရာ ၅ ချက်နဲ့ ပွဲချင်းပြီးသေသွားတယ်။ သူသေပြီးတော့ အဲဒီနားမှာပိတ်ပြီး စစ်တာ တော်တော်ကြာတယ်။ မိတဲ့အသံတော့ မကြားမိဘူး”ဟု ၎င်းက ပြောသည်။

မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျိုက်မရောအခြေစိုက် စွန်ရဲမြို့ပြ ပျောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က ပေါင်မြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘိုဘိုအောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

သေဆုံးသူ ဦးမန်းတင် (ပျောက်ကြားဝတ်စုံဝတ်ထားသူ) (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts