Homeငြိမ်းချမ်းရေးရေးမြို့နယ်တွင် သံဘောင်ဘေလီတံတား မိုင်းခွဲဖျက်ဆီးခံရ

ရေးမြို့နယ်တွင် သံဘောင်ဘေလီတံတား မိုင်းခွဲဖျက်ဆီးခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖေည်ဝါရီ ၉)

မွန်ပြည်နယ် ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာအုပ်စု တော်ကမာ ကျေးရွာအနီးရှိ သံဘောင်ဘေလီတံတား မနေ့က (ဖေဖော်ဝါရီ ၈ ရက်နေ့) နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သံဘောင်ဘေလီတံတားကို ဒေသကာကွယ်ရေးတပ် (PDF) မှ မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့နယ် ရဲအသိုင်းအဝိုင်းမှ ပြောသည်။

“မနက်က ကျနော်တို့ဆီ အကြောင်းကြားလာတာနဲ့ သွားကြည့်ရပါတယ်။ လုပ်တာကတော့ PDF တွေပါ။ သူတို့လဲ ထုတ်ပြန်ထားပါတယ်။ တွေ့တာကတော့ ဒီလမ်းက စစ်တပ်လက်နက်တွေ သယ်တာဆိုပြီး လုပ်တယ် ကြားတာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါတံတားသည် ရေး – မော်လမြိုင်သွား ရထားလမ်းပေါ်ရှိ သင်္ဃန်းကျွန်း ချောင်းရိုးအား ဖြတ်သန်း ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ပေ ၆၀၀ ကျော် ရှည်လျားသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ သံဘောင် (၂)ချောင်း ပြတ်ထွက်၊ (၁)ချောင်းကွေးကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

Caption: မိုင်းခွဲ ဖျက်ဆီးခံရေသာ တံတား (Photo: Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts