HomeCovid 19သံဖြူဇရပ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၄၀ ဦးရှိ

သံဖြူဇရပ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၄၀ ဦးရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ဖေဖော်ဝါရီ ၈)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ တစ်ရက်တည်း ကိုဗစ် -၁၉ ပိုးတွေ့ လူနာသစ် ၄၀ ဦးရှိကြောင်း၊ ကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

အဆိုပါ ပိုးတွေ့သူများတွင် ကျိုက္ခမီ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများလည်း ပါဝင်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“ကိုဗစ်ကတော့ပြန်စလာပါပြီ။ လူတွေကတော့ ပေါ့ဆနေတုန်းပဲ။ အခုတွေ့တဲ့အထဲမှာ ကျောင်းသားတွေလည်း တော်တော်များများပါတယ်။ ပြောချင်တာက နှာခေါင်းစည်းတပ်ကြပါ။ အသက်ငယ်တဲ့သူတွေအတွက် ကိုဗစ်က ဘာမှ မဖြစ်ပေမဲ့ အသက်ကြီးတဲ့သူတွေကို အများကြီး ဒုက္ခပေးပါတယ်” ဟု ၎င်းက ပြောသည်။

ကျန်မာရေးဦးစီးဌာနမှ ကျိုက်က္ခမီမြို့ရှိ ကိုဗစ်ပိုးတွေ့လူနာနှင့် ထိစပ်သူများကို RTD Test Tick ဖြင့် စစ်ဆေးရာမှ ကျား ၁၃ ဦးနှင့် မ ၂၇ ဦးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိုးတွေ့လူနာများကို ကျိုက္ခမီအခြေခံပညာ အထက်တန်းကျောင်းတွင် ကွာရန်တင်းထားရှိပြီး ကျောင်းကိုလည်း ယာယီ ပိတ်ထားကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကရုပ္ပိကျေးရွာ၊အနောက်ပိုင်းမှ အသက်(၆၅)နှစ် အရွယ် အမျိုးသမီးဆေးရုံသို့ လာရောက်ပြသစဥ် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့က မုဒုံမြို့နယ်တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ ၃ ဦး အသီးသီး ထပ်မံတွေ့ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts