Homeသတင်းမွန်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၉ သိန်းကျော်ရှိ

မွန်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၉ သိန်းကျော်ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၈)

မွန်ပြည်နယ်အတွင်း ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ  ၉ သိန်းကျော် ရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းချုပ်အရ သိရသည်။

ပြည်နယ်အတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၉၈၃,၅၇၇ ဦး ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ဦးရေမှာ ၉၂၀,၆၆၅ ဦး ရှိကြောင်း စာရင်းတွင် ဖော်ပြထားသည်။

ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက “ကိုဗစ်ကူးစက်ခံရမယ်ဆိုရင်တောင် အသက်အန္တရာယ်ထိခိုက် ဆုံးရှုံးတဲ့အထိ မဖြစ်နိုင်တော့ဘူး။ သေဆုံးမှုတွေလည်း လျော့ကျလာနိုင်ပါတယ်။ ကာကွယ်ဆေးကို အပြည့်အဝ ထိုးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေး လာထိုးဖို့ကိုလည်း တိုက်တွန်းပါတယ်”ဟု ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်အထိ စာရင်းချုပ် တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ  ၂၉၁၃ ဦး ရှိကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို ပြီးစီးသည်အထိ ထိုးရန် လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာမှ တိုက်တွန်းပြောဆိုထားသည်။

မွန်ပြည်နယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ထိုးပြီးသူ ဦးရေသည် ချောင်းဆုံမြို့နယ်တွင် အများဆုံးဖြစ်ပြီး မော်လမြိုင်သည် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်မှ ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အခုဆို ပုံမှန်အတိုင်း ပြန်စစ်နေတော့ ကို‌ဗစ်လူနာတွေ ပြန်တွေ့လာပြီ။ နေ့တိုင်းနီးပါး တွေ့နေပါပြီ။ ပြည်သူတွေအနေနဲ့ မပေါ့ဆပဲ ကာကွယ်ထားမှ ရမှာပါ။ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသူတွေကလည်း တတိယအကြိမ်ထိုးဖို့ အလှည့်ကျရင် ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်နေ့ စစ်ဆေးချက်အရ မုဒုံ မြို့နယ်တွင် ၇ ဦး၊ မော်လမြိုင်မြို့နယ်တွင် ၄ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၂ ဦး၊ သထုံမြို့နယ်တွင် ၁ ဦး စုစုပေါင်း ၁၄ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Caption: ကိုဗစ်ကာကွယ်ဆေး ထိုးနေပုံ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts