spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းNCA အပစ်ရပ်များကို နီပွန်ဖောင်ဒေးရှင်း ဆန်ထောက်ပံ့မှု KNU၊ CNF မပါဝင်

    NCA အပစ်ရပ်များကို နီပွန်ဖောင်ဒေးရှင်း ဆန်ထောက်ပံ့မှု KNU၊ CNF မပါဝင်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၃)

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကို အဖွဲ့အစည်းများကို နီပွန်ဖောင်ဒေးရှင်းမှ ဆန်ထောက်ပံ့မှုအစီအစဥ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ မပါဝင်ကြောင်း သိရှိရသည်။

    နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့သည့် ဆန်ရိက္ခာမှ KNU၊ CNF မပါဝင်ပဲ ကျန် (၈) ဖွဲ့သာ ထောက်ပံ့ရန် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ကြည်ခြေနီအသင်းများထံ လိပ်မူထားသည်ကို တွေ့ရှိရသည်။

    “နီပွန်ဖောင်ဒေးရှင်းမှ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့မှ KNUနှင့် CNF မပါ ကျန် (၈) ဖွဲ့ ဖြစ်သည့် ABSDF၊ ALP၊ DKBA၊ KNU/ KNLA/ PC၊ NMSP၊  LDU၊ PNLOနှင့် RCSS အဖွဲ့တို့အား လူသားချင်းစာနာမှုဆိုင်ရာအကူအညီ (စားနပ်ရိက္ခာ)အဖြစ် ဆန်(၆၂၃၅၀) အိတ်ထောက်ပံပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဤရုံးမှ မူဝါဒအရ ပြည်တွင်းမှသာ ထောက်ပံ့ပစ္စည်းရယူဆောင်ရွက်ရန်၊ ဆန်အိတ်များကို ထောက်ပံရာတွင် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ခြင်း မပြုဘဲ ၂၀ % (သို့မဟုတ်) ၂၅% စီဖြင့် အလီလီခွဲ၍ သက်ဆိုင်ရာအစိုးရအဖွဲ့ ကြက်ခြေနီအဖွဲ့တို့ဖြင့် ပူးတွဲဆောင်ရွက်ရန် ညွန်ကြားထားပြီး ဖြစ်ပါသည်” ဟု ပါရှိသည်။

    ယင်းအပြင် အဆိုပါ ဆန်အိတ်များ ထောက်ပံ့နိုင်ရေးအတွက် လိပ်မူပါ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ရန် ဆက်သွယ်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်အမည်၊ ရာထူးနှင့် ဖုန်းနံပတ်တို့ကို ပြန်ကြားပေးပါရန် အကြောင်းကြားကြောင်း ပါရှိသည်။

    သို့ရာတွင် အဆိုပါဆန်ထောက်ပံ့မှုနှင့်ပတ်သက်၍ NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတချို့အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားပေးခြင်းမရှိပေ။

    KNU မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက “မသိဘူးလေ၊ ကျနော်တို့ ကြားတောင် မကြားလိုက်ပါဘူးအဲတာ၊ ဟုတ်ပါတယ်၊ ကျနော်တို့လည်း မကြားမိပါဘူး” ဟု ပြောသည်။

    လက်ရှိတွင် တပ်မတော်မှ အာဏာရယူပြီးနောက် NCA ရေးထိုးထားသည့် KNU၊ CNF တို့နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

    NCA နှင့် ပတ်သက်၍ ပဒိုစောတောနီးက ” ပြောစရာတောင်မလိုဘူး၊ ကျနော်တို့ အဲတာကို ခေါင်းထဲမှာ မထည့်တော့ဘူး၊ ဘာလို့လည်းဆိုတော့ စစ်အာဏာသိမ်းလိုက်ကတည်းက ကျနော်တို့ အဲတာကို ခေါင်းထဲကို ထည့်စရာကို မလိုတော့ဘူး၊ ကျနော်တို့ ရှေ့ကိုသွားတဲ့နေရာမှာ ခင်ဗျားတို့လည်း သိနေတာပဲလေ၊ အဲတာကြီးက အခုကျနော်တို့ လုပ်နေတဲ့ ဒါကကျနော်တို့ မပြောလဲ သိနေရတဲ့ ကိစ္စ ဘာလို့လည်း ဆိုတော့ အထူးသဖြင့် ဒီစစ်အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်တဲ့ လူတွေနဲ့ ကျနော်ပူးပေါင်းလာပြီးတော့ လုပ်ဆောင်လာတာ တစ်နှစ်လုံးမှာ နောက် NUCC ဖွဲ့စည်းပြီး လုပ်ဆောင်လာနိုင်တယ်၊ ပြီးတော့ ရက်အနည်းငယ်အတွင်းမှာပဲ ပြီးဆုံးသွားခဲ့တဲ့ ပြည်သူ့ညီလာခံကြီးက အဲတာတွေက ဒီ NCA မှာ ဘာမှ စဉ်းစားစရာ အကြောင်းမရှိတော့ဘူး။ အရှေ့ကို သွားဖို့ပဲ ရှိတော့တယ်လေ၊ ဆိုလိုတာက နည်းလမ်းအသစ်နဲ့ သွားတော့မယ်ဆိုတာ ရှင်းရှင်းလေး” ဟု ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့က PPST တပ်ပေါင်းစုအဖြစ် ပူးပေါင်းဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts