Homeငြိမ်းချမ်းရေးဒေါက်တာအေးဇံကို ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုအတွက် တရားလိုပြသက်သေ ထပ်မံစစ်ဆေး

ဒေါက်တာအေးဇံကို ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုအတွက် တရားလိုပြသက်သေ ထပ်မံစစ်ဆေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၇)

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ  မလျော်ဩဇာသုံးမှု အမှု ၂ မှုအတွက် ဇန်နဝါရီ ၂၆ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးဇံကို မော်လမြိုင်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးသည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) ဖြင့် စွဲဆိုထားသော အမှု နှစ်မှုအတွက် တရားလိုပြ သက်သေ နှစ်ဦးကို စစ်ဆေးခဲ့သည်။

တရားလိုပြ သက်သေအဖြစ် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်တို့က ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ‌မလျော်ဩဇာသုံးမှုကို မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က တရားလို အဖြစ် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲမလျော်ဩဇာ သုံးစွဲမှု အမှု ၃ မှု အပြင် အဂတိလိုက်စားမှု အမှု ၉ မှု အပါအဝင် အမှုပေါင်း ၁၂ မှု တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ဒီဇင်ဘာလအတွင်းက ဒေါက်တာအေးဇံကို နိုင်ငံဝန်ထမ်း‌များကို ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ရန် လှုံဆော်တိုက်တွန်းသည်သော စွဲချက်ဖြင့် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts