Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့နယ် တရားရုံးတွင် ဒေါ်နွယ်နွယ်အောင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

မော်လမြိုင်မြို့နယ် တရားရုံးတွင် ဒေါ်နွယ်နွယ်အောင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ  ၂၇)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါ်နွယ်နွယ်အောင်ကို မော်လမြိုင်မြို့နယ် တရားရုံတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုကာ ဇန်နဝါရီ ၂၆ ရက်က စတင်ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရုံးချိန်းတွင် တရာလိုပြ သက်သေ ရဲတပ်ကြပ် နှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က မော်လမြိုင်ဈေးကြိုရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် ဒေါ်နွယ်နွယ်အောင် အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့သည်၊ ပူးပေါင်းကူညီသည်ဟု စွပ်စွဲကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်သည်  မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်သည် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts