Homeငြိမ်းချမ်းရေးရေးမြို့တွင် မွတ်စလင်ဘာသာဝင်တစ်ဦး သေနတ်အပစ်ခံရပြီး သေဆုံး

ရေးမြို့တွင် မွတ်စလင်ဘာသာဝင်တစ်ဦး သေနတ်အပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၂၅)

မွန်ပြည်နယ်၊ ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်၊ တိုးချဲ့ သလ္လာဝတီ(၁)လမ်း၊ အမှတ်(၁၃)နေ မွတ်စလင်လူမျိုး ဦးဝင်းညွန့်(ခ)ရာဆင်ကို ဇန်နဝါရီလ ၂၄ရက်နေ့က အမည်မသိ သေနတ်သမားများမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ဦးဝင်းညွန့်သည် NLD ပါတီဝင်ဟောင်းဟု ပြောဆိုနေမှုများရှိသော်လည်း မဟုတ်ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က “NLD ပါတီဝင်ဆိုတာမဟုတ်ပါဘူး။ သာမန်အရပ်သားပါပဲ။ ဆိုင်ကယ်ပြင်တယ်။ ဟိုဘက်က ထုတ်ပြန်ထားတာကတော့ ပျူစောထီးခေါင်းဆောင်ပေါ့။ အခုတော့ အလောင်းကို မြို့နယ်ဆေးရုံမှာ ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။

အသက်  (၄၅) နှစ်ခန့်ရှိ ဦးဝင်းညွန့်သည် ရန်မျိုးအောင်ရပ်ကွက် ရေပေးဝေရေးနှင့် နာရေးကူညီမှု အသင်းဝင်ဖြစ်ကြောင်း သိရသည်။

ဦးဝင်းညွန့်မှာ နေအိမ်ရှိဆိုင်တွင်ဆိုင်ကယ်ပြင်နေစဥ် သေနတ်ဖြင့်အပစ်ခံရပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းမှ အဆိုပါဖြစ်စဥ်နေရာသို့ စစ်ဆေးရန်လာရောက်သော လုံခြုံရေးတပ်ဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း မမှန်ကန်ကြောင်း ရေးမြို့မရဲစခန်းက ဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာချောင်းဝကျေးရွာမှ ရာအိမ်မှူး ဦးရဲဝင်းကို အမည်မသိသေနတ်သမားများ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

ဦးဝင်းညွန့် ဆိုင်ကယ်ပြင်ဆိုင်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts