Homeငြိမ်းချမ်းရေးKNLA တပ်မဟာအားလုံး ပစ်မိန့်ပေးထားဆိုသည်ကို အတည်မပြုနိုင်

KNLA တပ်မဟာအားလုံး ပစ်မိန့်ပေးထားဆိုသည်ကို အတည်မပြုနိုင်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၀)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ အားလုံး ပစ်မိန့်ပေးလိုက်ကြောင်း မီဒီယာတချို့တွင် ရေးသားဖော်ခဲ့သည်ကို အတည်မပြုနိုင်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိပုဂ္ဂိုလ်တချို့နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

တပ်မဟာ ၅ မှာ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက “အဲဒီလို ပစ်မိန့်ပေးတယ်ဆိုတာ‌တော့ ကျနော့်အနေနဲ့ မကြားသိရသေးဘူးနော်။ ဒါပေမယ့် ကိုယ့်ရဲ့ နေရာကို ကာကွယ်တဲ့ အနေနဲ့ စစ်ကောင်စီဘက်ကနေပြီးတော့ အကြမ်းဖက်ဝင်လာမယ်ဆိုရင်တော့ ပြန်လည်ခုခံမှုမှာတော့ ကျ‌နော်တို့မှာ တာဝန်ရှိတယ်လို့ ကျနော်တို့ အဲဒီလိုပဲ ပြောချင်တယ်နော်” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများကို လျော့ချနိုင်ရေးအတွက် လူထုက ရွေးကောက်ခံထားသည့် အရပ်သားအစိုးရကို အာဏာပြန်လွှဲပါက ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကလယ်ဒိုက ယူဆသည်။

သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) နယ်မြေအတွင်း စစ်ကောင်စီမှ နယ်မြေကျော်ဝင်ရောက်လာပါက ပစ်မိန့်ပေးထားကြောင်း တပ်မဟာ(၇)၏ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး အတည်ပြု ပြောဆိုခဲ့သည်ကို ကရင်သတင်းစဥ် KIC က သတင်းဖော်ပြထားသည်။

ထို့ပြင် တပ်မဟာ ၇ ခုလုံး ပစ်မိန့်နှင့် ပတ်သက်၍ မိမိအနေဖြင့် ဖြေကြားပိုင်ခွင့်မရှိကြောင်း တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

“တပ်မဟာ အားလုံး၊ တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးလိုက်တဲ့အပေါ်မှာ ကျနော့်တစ်ယောက်အနေနဲ့တော့ လောလောဆယ်ဖြေပိုင်ခွင့်မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆို‌တော့ ကျ‌နော်တို့ အားလုံးရဲ့ ရပ်တည်ချက်လည်း ပြောထားပြီးသားလည်း ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့် ဒီအပေါ်မှာတော့ ကျနော် တစ်ယောက်အနေနဲ့ ဖြေပိုင်ခွင့်မရှိဘူးပေါ့။” ဟု ပြောသည်။

KNU နှင့် KNLA ခေါင်းဆောင်များ တွေ့ဆုံကာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး တိုက်ရေး၊ မတိုက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း တချို့သတင်းများတွင် ဖော်ပြထားသည်

လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် KNLA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts