Sunday, March 15, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးမုဒုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် ဖမ်းဆီးရမိ

    မုဒုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် ဖမ်းဆီးရမိ

    -

     မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ၁၂)

    မုဒုံမြို့တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်း၌ အမျိုးသားနှစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ၅ ထောင်ကျော်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေး – ဗဟို CCDAC Myanmar တွင် ဖော်ပြထားသည်။

    မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်သွားလမ်း၊ ရွှေဟင်္သာစျေးရှေ့ တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မော်လမြိုင်ဘက်မှ မုဒုံမြို့ဘက်သို့ စောကလိုထူး(ခ)ကျော်ပု မောင်းနှင်ပြီး ထွန်းအုပ် လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ဆိုင်ကယ် အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၀၇၀ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

    စိတ်ကြွမူးယစ်ဆေးဝါးအသုံးပြုမှုသည် ပတ်ဝန်းကျင်နှင့် သက်ဆိုင်ပြီး အာဏာသိမ်းပြီးကာလတွင် ကြပ်ကြပ်မတ်မတ်လုပ်ဆောင်တာမျိုးမရှိသေးကြောင်း မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါးသုံးစွဲမှု မှတ်တမ်းကောက်ယူနေသူတစ်ဦးက ဆိုသည်။

    “မူးယစ်ဆေးဝါး သုံးစွဲမှုက ပတ်ဝန်းကျင်နဲ့အရမ်းသက်ဆိုင်တယ်။ လူငယ်တွေဆိုတော့ အသစ်အဆန်းကို စမ်းကြည့်ချင်ကြတယ်။ အာဏာမသိမ်းခင်ကာလက ကျွန်မတို့ စစ်တမ်းကောက်ယူခဲ့ပေမယ့် အာဏာသိမ်းပြီးကာလမှာ မလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ဘယ်ကာလက ပိုများလဲမသိပေမဲ့ အခုနောက်ပိုင်းမှာ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်တာမျိုးမရှိတာ မြင်ရတယ်”ဟု မွန်ပြည်နယ်တွင် မူးယစ်ဆေးသားသုံးစွဲမှု စစ်တမ်းကောက်ယူနေသည့်အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အဆိုပါစောကလိုထူး(ခ)ကျော်ပု(၃၉)နှစ် နှင့် ထွန်းအုပ်(၃၃)နှစ်တို့အား မုဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

    လွန်ခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း  ရေးမြို့တွင်  စားသောက်ဆိုင်ကို လာရောက်သူအမျိုးသားနှစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ၃၉၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks