Homeသတင်းမူးယစ်ဆေးဝါးမော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေး ၇၈၀၀ ပြား ဖမ်းဆီးရမိ

မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေး ၇၈၀၀ ပြား ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂၅)

မော်လမြိုင်မြို့တွင် အောက်တိုဘာ ၂၄ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ပြား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ချက်အရ သိရသည်။

ဈေးကြိုရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီ လမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် TOYOTA Probox အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ကျော်ဇင်သန့်၊ သိန်းမြင့် နှင့် အောင်ကျော်ထွန်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ မော်တော်ယာဉ် အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ပြား (ဒေသ ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃.၄ သိန်း) အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ကျော်ဇင်သန့် (၁၈) နှစ်၊ အောင်ကျော်ထွန်း (၃၄) နှစ် နှင့် သိန်းမြင့် (၅၅) နှစ်တို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ အောက်တိုဘာ ၂၅ ရက် နေ့လည်၌ တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးဂိတ်တွင် ရန်ကုန်မှ မြိတ်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ခရီးသည် မင်းဌေး၏ ခရီးဆောင်အိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား  ၈၂၆၉၅ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၄၈၀.၈၅ သိန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်းဌေး (၃၈)နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts