spot_img
Saturday, January 24, 2026
More
    spot_img
    HomeCovid 19အသက် ၁၂ နှစ်အထက်ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

    အသက် ၁၂ နှစ်အထက်ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၉)

    မွန်ပြည်နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ၆ သောင်းကျော်ကို သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

    အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၌ ယခုနှစ် ကျောင်းအပ်ကာလတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများကိုသာလျှင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

    “ကျွန်တော်တို့ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ စတင်ထိုးနှံပေးနေတာပါ။ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်ကိုတော့ မထိုးပေးပါဘူး။ နောက်ရက်မှာတော့ ဆက်လက်ထိုးနှံပေးသွားမှာပါ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    မွန်ပြည်နယ် ၁၀ မြို့ နယ်တွင် ဆေးထိုးစုရပ်ပေါင်း ၁၁၆ နေရာ သတ်မှတ်ထားပြီး တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

    မုဒုံမြို့နယ်ရှိ ကျောင်းသားကျောင်းသူများကို ၈ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးအပြီးထိုးနှံသွားဖို့ လျာထားကြောင်း  မုဒုံမြို့ မြန်မာ့လူငယ် ပရဟိတအဆင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

    ” ကျွန်တော်တို့ပရဟိတအသင်းက မြို့နယ်ကျန်းမာရေးမှူးရုံးကနေ ကာကွယ်ဆေးထိုးပေးတာကို ဝိုင်းဝန်းကူညီတာပါ။ အောက်တိုဘာ ၁၇ ကနေ ၂၅ ရက်နေ့အထိ ထိုးပေးမှာပါ။ အခုက ကျောင်းသားကျောင်းသူတွေရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ ထိုးပြီးတဲ့ကျောင်းသားတွေထဲမှာ ဖျားတာမျိုးမရှိသေးဘူး။ ဆေးရဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ မတွေ့ရသေးဘူး” ဟု ၄င်းကဆိုသည်။

    အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အလိုက်လက်ခံရရှိထားသော ကျောင်းသူကျောင်းသားများ စာရင်းအရ မော်လမြိုင် ၈၈၆၀ ဦး၊ ချောင်းဆုံ ၅၁၉၀ ဦး၊ ကျိုက်မရော ၇၀၆၅ ဦး၊ မုဒုံ ၇၁၅၇ ဦး၊ သံဖြူဇရပ် ၆၅၆၉ ဦး၊ ရေး ၇၂၀၅ ဦး၊ သထုံ ၆၄၂၀ ဦး၊ ကျိုက်ထို ၄၈၀၄ ဦး၊ ဘီးလင်း ၅၉၈၉ ဦးနှင့် ပေါင် ၇၀၀၆ ဦး စုစုပေါင်း ၆၆၂၇၃ ဦးတို့ပါဝင်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    Photo- မုဒုံမြို့ အထက(၁) တွင် အသက် ၁၂ နှစ် အထက်ကျောင်းသူတစ်ဦး Covid 19 ကာကွယ်ဆေးထိုးနေစဥ် (MRTV)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts