Homeသတင်းမူးယစ်ဆေးဝါးမော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောင်တိုဘာ ၁၇)

မော်လမြိုင်မြိုပေါ်ရှိ ထားဝယ်အဝေးပြေး မြို့ရှောင်ကားလမ်းတွင် အောင်တိုဘာလ ၁၄ ရက် ည ၇ နာရီက ၅ ဒဿမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ထိန်းချုပ်ရေး ဗဟို CCDAC ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ် အဝေးပြေး မြိုရှောင်လမ်းတွင် ဟန်ဆွေဦး (ခ) ဘိုဘို (၃၂)နှစ် မောင်းနှင်ပြီး ချစ်ကိုကိုဦး (ခ) မွတ်တား (၂၄)နှစ်တို့ လိုက်ပါလာသော CHANA ၆ ဘီးယာဉ် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ရှေပြေးယာဉ်အဖြစ် အောင်ဆန်းသွင် (ခ) အောင်ဆန်း (၄၆)နှစ် မောင်းနှင်ပြီး မျိုးမင်းသိန်း (၄၇) နှစ် နှင့် ခင်ဇော်အောင် (၂၉)နှစ်တို့ လိုက်ပါလာသော SUCCEED မေယ်တော်ယာဉ်တို့အား သတင်းအရ ရှာဖွေခဲ့ကြောင်း ‌သိရသည်။

ရှာဖွေရာတွင် CHANA ၆ ဘီးယာဉ်ပေါ်တွင် ဂေါ်ဖီထုတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ခရမ်းချဉ်သီးသေတ္တာများအတွင်း၌ ကာလတန်ဖိုးငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၂၇၇ တုံး၊ အလေးချိန် ၉၆ ဒဿမ ၉၅ ကီလို နှင့် အလေးချိန် ၃၅ ကီလို ဘိန်းဖြူ မှုန့် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော အဆိုပါဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တနင်္သာရီတိုင်းဒေသကြီးဆီသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရသူများကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျုးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၅ ရက်တွင်လည်း မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ ဘိုကလိုလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ကြည်လွင်နေထိုင်သည့် အခန်းအမှတ် (၀၀၃)အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC က ထုတ်ပြန်ထားသည်။

ကြည်လွင် (၃၉)နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူးထားပြီး ကွင်းဆက်ပြစ်မှုကျုးလွန်သူများကို ဆက်လက်စစ်ဆေးကာ ဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts