Homeသတင်းလက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူတစ်ဦးအား စုံနံ့သာကျေးရွာတွင် ပစ်ခတ်ဖမ်းဆီးရမိ

လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူတစ်ဦးအား စုံနံ့သာကျေးရွာတွင် ပစ်ခတ်ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၃)

ရေးမြို့နယ် စုံနံ့သာကျေးရွာတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတစ်ဦး၏ နေအိမ်ကို စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက ရဲများလာဝိုင်းစဥ်ထွက်ပြေးရာ သေနတ်ပစ်ခတ်ပြီး ဒဏ်ရာဖြင့်ဖမ်းဆီးရမိခဲ့ကြောင်း ရေးမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

သတင်းအရ စုံနံ့သာကျေးရွာ၌ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသည်ဟုဆိုသည့် အထွန်း (ခ) ထွန်းနိုင်(အသက် ၃၀ နှစ်) ၏ နေအိမ်သို့ လုံခြုံရေးရဲများနှင့် ကျေးရွာတာဝန်ရှိသူများ ဝင်ရောက်လာစဥ် အိမ်နောက်ဖေးဘက်မှ ထွက်ပြေးခဲ့ကြောင်း၊ ရဲကသေနတ်ပစ်ခတ်သဖြင့် အထွန်း၏ ဝဲဘက်တင်းပါး ပေါက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့် ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။  

ထို့အတူ ၄င်းလွယ်ထားသော သားရေအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး ၆၉၀ ပြားနှင့် R စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး ၈၅ ပြား စုစုပေါင်း ၇၇၅ ပြား၊ ၄င်းနေအိမ် အိပ်ခန်းအတွင်းမှ ဘိန်းဖြူဟုယူဆရသည့် အခဲအမှုန့်အကြေ ၁၅၀ ဂရမ်ခန့်၊ သေနတ်မောင်းတုန်းတစ်ခု၊ ပြောင်းမပါလုပ်သေနတ်ဒင်တစ်ခုနှင့် မူယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ငွေရောင်ခဲပြား ၁၂ တို့ကို ရဲက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ပြင် အဆိုပါ ဘိန်းဖြူကို ကော့ဒွတ်ကျေးရွာနေ မွန်အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အထွန်းက ထွက်ဆိုထားသည်ဟု ဆိုသည်။

အဆိုပါဖြစ်စဥ်ကို ရေးမြို့မရဲစခန်း၌ မယ(ပ) ၅၂/၂၀၂၁။ မူး/စိတ်ပြောင်း ပုဒ်မ ၁၉(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းအချိန်က သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် PROBOX အမျိုးအစားမော်တော်ယာဉ်ပေါ်မှ ဇော်မြင့်(ခ)ကုလားပု(၃၉)နှစ်နှင့် ရဲနိုင်စိုး(ခ)ကုလား (၂၅)နှစ်တို့ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၅၈၀ ပြား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ CCDAC MYANMAR က သတင်းဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts