spot_img
Monday, January 20, 2025
More
    spot_img
    HomeCovid 19NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အသက် (၇၉) နှစ် ကွယ်လွန်

    NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အသက် (၇၉) နှစ် ကွယ်လွန်

    -

    မွန်သတင်းအေဂျင်စီ (၂၀-ဇူလိုင် ၂၀၂၁)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အသက် (၇၉ နှစ်) သည် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်ခံ‌နေရစဉ် ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

    ဆီးချိုရောဂါနှင့် သွေးဝမ်းသွားရောဂါအခံရှိသူ ဦးဉာဏ်ဝင်းသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသဖြင့် အင်စိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

    လက်ရှိတွင် ဦးဉာဏ်ဝင်း၏ ဇနီးနှင့် သမီးတစ်ဦး မြေးနှစ်ဦးတို့ ကျန်ရှိပြီး ၄င်း၏ရုပ်အလောင်းကို ယနေ့ နေ့ချင်းသဂြိုလ်ဖို့ ပြင်ဆင်နေကြောင်း ကျန်ရစ်သူမိသားစုမှ RFA ကို အတည်ပြုပြောဆိုထားကြောင်း တွေ့ရသည်။

    မွန်ပြည်နယ် NLD ပါတီ  အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးမင်းဟန်ကလည်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ‌တွင် ဖော်ပြထားသည်။

    စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်တွင် ရန်ကုန်မြို့၌ ဦးဉာဏ်ဝင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ပါတီထုတ်ပြန်သည့် ကြေညာချက်တစ်ခုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts