HomeCovid 19ခရီးသည် မရှိသောကြောင့် အဝေးပြေးကားများ ကုန်ပစ္စည်းသာ တင်ဆောင်နေရ

ခရီးသည် မရှိသောကြောင့် အဝေးပြေးကားများ ကုန်ပစ္စည်းသာ တင်ဆောင်နေရ

-


(မွန်သတင်းအေဂျင်စီ၊ ၂၀၂၁ ဇူလိုင် ၁၉)

မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့ကို Stay at Home သတ်မှတ်ထားပြီးနောက် အဝေးပြေးယာဉ်လိုင်းများ လက်မှတ်မရောင်းရတော့ဘဲ ကုန်ပစ္စည်းသာ တင်ပို့နေရကြောင်း သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီးနောက် ခရီးသွားလာမှု နည်းပါးလာကာ ကုန်ပစ္စည်းများသာ အဓိက တင်ဆောင်နေရကြောင်း ရွှေနဒီ  Air con Express ယာဉ်လိုင်း တာဝန်ရှိသူက ပြောသည်။

“လက်ရှိ ခရီးသည်တွေက မသွားရဲကြ‌တော့ဘူးလေ။ ခရီးသည်လည်း မရဘူး လက်မှတ်ရောင်းရင်လည်း မရဘူး။ ကုန်ပစ္စည်းပဲ ရတယ်။ ကျွန်တော်တို့ ရွှေနဒီယာဉ်လိုင်းကတော့ ကုန်ပစ္စည်းနဲ့ပဲ သွားနေတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်အပါအဝင် အခြားမြိုနယ်များကလည်း ဝင်ရောက်ခွင့်စိစစ်ကာ ပိတ်ထားခြင်း၊ Quarantine ထားခြင်းများ ရှိနေသည့်အခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် အဝေးပြေးကားများဖြင့် ခရီးသွားလာမှု နည်းပါးလာပြီး ကုန်ပစ္စည်းသာ အဓိက တင်ပို့နေရကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်-ရန်ကုန်ယာဉ်လိုင်း တစ်ခုက”ကျွန်တော်တို့ကတော့ ကားတွေကတော့ ပြေးနေတုန်းပဲ။ အချိန်မှန်ထွက်နေတုန်းပေါ့။ ခရီးသည်ကတော့ မရတာပါ။ ကုန်ပစ္စည်းတွေပဲ ရတယ်။ ခရီးသွားလာမှု မရှိတော့ ခရီးသည်မရတဲ့ အခြေအနေ ဖြစ်နေတာပါ”ဟု ပြောသည်။

‌ထို့အတူ မော်လမြိုင် မြေနီကုန်းကားဝင်းရှိ အဝေးပြေးယာဉ်လိုင်းများ ယခင်အတိုင်း ပုံမှန်ပြေးဆွဲနေသော်လည်း ခရီးသည်မရှိသည့်အတွက် ကုန်ပစ္စည်းသာ ပိူ့ဆောင်ပြေးဆွဲနေရကြောင်း ၄င်းက ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်နယ် ယာဉ်လိုင်း ကြီးကြပ်ရေး ကော်မတီကို ခရီးသည်တင်ခွင့်မပြူဘဲ ကုန်ပစ္စည်းသာ တင်ဆောင်ခွင့်ပြုမည်ဆိုသော စာနှင့်ပတ်သတ်ပြီး မွန်သတင်းအေဂျင်စီက မေးမြန်းရာတွင် “ကားလိုင်းတွေကိုတော့ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ထားတာ မရှိဘူး”ဟု ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts