spot_img
Saturday, December 13, 2025
More
    spot_img
    HomeCovid 19မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းအတွင်း လူ ၈၅ ဦးသေဆုံးခဲ့ပြီး ပိုးတွေ့ရှိမှု ၃၀ % ကျော်အထိရောက်လာ

    မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းအတွင်း လူ ၈၅ ဦးသေဆုံးခဲ့ပြီး ပိုးတွေ့ရှိမှု ၃၀ % ကျော်အထိရောက်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင်-၁၂)

    မွန်ပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင် ၁၁ ရက်အထိ လက်ရှိကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၈၅ ဦးအထိရှိလာပြီး အများဆုံးမှာ မော်လမြိုင်မြို့နယ်က ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    ထို့အတူ ရောဂါစစ်ဆေးရာ၌ပိုးတွေ့ရှိမှု ၃၀ % ကျော်ရှိလာကြောင်း၊ ကိုဗစ်ဗိုင်းရပ်စ်အသစ်သည် ရောဂါလက္ခဏာပြင်းထန်သည့်အပြင် အောက်စီဂျင်ရုတ်တရက် ကျဆင်းခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း volunteer ဆရာဝန် ဒေါက်တာသက်ကျော်စိုးက ပြောသည်။

    “အရင်ဖြစ်တဲ့ဟာနဲ့ အခုဖြစ်တာက အခြေအနေချင်းလည်း မတူဘူး။ အခုဖြစ်တဲ့ ဗိုင်းရပ်စ်က ပိုပြီး ပြင်းထန်တယ်။ အရင်ထက် ပိုပြင်းတာပေါ့။ အောက်စီဂျင်တွေ ပြုတ်ကြတယ်”ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

    ရောဂါ ကူးစက်ခံရသူပိုများလာသောကြောင့် ကုသမှုပိုင်းတွင်လည်း ဝန်ထမ်းအင်အား မလုံလောက်မှု ဖြစ်ပေါ်နေကြောင်း ၄င်းကဆက်ပြောသည်။

    ထို့အပြင် ကူးစက်မှုအနေအထားအရ သံဖြူဇရပ်မြိုနယ်သည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ တတိယဖြစ်ပွားမှုအများဆုံး သထုံမြိုနယ်ဖြစ်ပြီး ကျန်သည့်မြိုနယ်များတွင်လည်း ယခုဇူလိုင်လအတွင်း ကူးစက်မှု မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ဇူလိုင် ၁၁ရက်ထိ စာရင်းများအရ မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၂,၅၇၀ဦး ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

    နိုင်ငံတဝန်းအနေဖြင့် လက်ရှိကိုဗစ်ကူးစက်မှု တစ်ရက်တည်း ၄ ထောင်ကျော်လာခဲ့သည်မှာ ၃ ရက်ဆက်တိုက် ရှိခဲ့သော်လည်း ဇူလိုင်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ ကူးစက်သူအသစ် ၃,၄၆၁ ဦး၊ သေဆုံးသူ ၈၂ ဦး ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနမှ သိရသည်။

    လူပေါင်း ၁၀,၁၁၇ ဦးစစ်ဆေးရာတွင် လူ ၃,၄၆၁ ဦးရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ကူးစက်မှုနှုန်း ၃၄ ရာခိုင်နှုန်းကျော်အထိ ရှိလာနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၏ ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts