spot_img
Saturday, January 24, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး တစ်ရက်တည်းစံချိန်တင်သေဆုံး

    မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး တစ်ရက်တည်းစံချိန်တင်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၆ ဇူလိုင် ၂၀၂၁)

    မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး ယနေ့ (ဇူလိုင်လ ၆ ရက်) တွင် တစ်ရက်တည်း အမြင့်ဆုံးစံချိန်တင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    သေဆုံးသူများသည် မောင်ငံ ဇင်ယော်လမ်းမှ ၃၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ကွင်းရပ်မှ ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ကွင်းရပ်မှ ၆၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ကွင်းရပ် မှ ၅၈ နှစ်အရွယ် ယောကျ်ား ၁ ဦး၊ ကျွဲခြံကုန်းရပ်မှ ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ဖက်တန်းမိန်းကလေးကျောင်းလမ်းမှ ၆၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ဖက်တန်းဒေါ်လန်းရပ်မှ ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ မုပွန် ကံ့ကော်လမ်းမှ ၅၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့်၊ ချောင်းဆုံ ရွာလွတ်ရွာမှ ၇၂ နှစ်အရွယ် ယောကျ်ား ၁ ဦး၊ သထုံအောင်မြေရွှေဘုံမှ ၇၂ အရွယ် အမျိုးသမီး ၁ ဦးနှင့် ကျိုက်ထိုကျိုက်ပိမှ ၇၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က “အဓိကက လူနာတွေပိုတိုးလာတယ်။ သက်ကြီးပိုင်းလည်းဖြစ်တယ်။ ကိုယ်ခံအားလည်းမရှိတဲ့လူတွေ ဆီမှာတော့ ဒီရောဂါက ပိုပြင်းတော့ ခံနိုင်ရည်မရှိကြဘူးပေါ့။ ဒီမှာလည်းအတတ်နိုင်ဆုံး အကြိတ်အနယ် လုပ်ပေးနေကြတာပဲ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    တစ်ကျော့ပြန်ကူးစက်မှုအရ မွန်ပြည်နယ်တွင် ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော်နှင့် သေဆုံးသူ ၃၄ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၁၀၂၄ ခု စစ်ဆေးခဲ့ရာ ရောဂါကူးစက်မှုအသစ် ၂၉၆၉ ယောက်ထပ်မံ တွေ့ရှိခဲ့ရပြီး ပိုးတွေ့နှုန်း ၂၆ ဒသမ ၉၃ ရာခိုင်နှုန်း အထိမြင့်တက်လာကြောင်း သိရသည်။

    ပိုးတွေ့ရှိမှုများပြားလာသည့်အတွက် မွန်ပြည်နယ် ၁၀ မြိုနယ်အတွင်းရှိ ‌စည်ပင်သာယာဈေးများတွင် ရွှေဆိုင်၊ အထည်လိပ်၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ ကုန်မာဆိုင် နှင့် အခြားဆိုင်များအား ရောင်းချခွင့်မပြုဘဲ မရှိမဖြစ် အခြေခံစားသောက်ကုန်များဖြစ်သည့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ ကြက်သွန်၊ အာလူး နှင့် ဆေးဝါးများကိုသာ ရောင်းချခွင့်ပြုထားကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts