Homeသတင်းသံတွဲတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

သံတွဲတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

-

ရခိုင်ပြည်နယ်၊ သံတွဲမြိုနယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ ၁၄ ဦးသေဆုံပြီး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန့်ကစပြီး ဂျက်ဖိုက်တာတစ်စီးဖြင့် မိနစ် ၂၀ ခန့် လှည့်ပတ်ကာ ပေါင် ၃၀၀ ဟု ယူဆရသည့် ဖျက်အားပြင်းဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဗုံးသီးများသည် ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအရပ်သားပြည်သူ ၁၄ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ အရပ်သားပြည်သူတို့၏ နေအိမ်အဆောက်အဦး ၂၀ ကျော်လည်း လုံးဝနီးပါး ထိခိုက်ပျက်စီးမှု ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၃ ရက်နေ့ကလည်း သံတွဲမြိုနယ်၊ ငပလီမြို၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို စစ်ကော်မရှင်တပ်က တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သံတွဲမြိုနယ်၊ ကျေးရွာများရှိ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို စစ်ကော်မရှင်တပ်က နေ့ရော ညပါ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး လူနေအိမ်နှင့် အဆောက်အဦး အများအပြားလည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ရေကြောင်းရန်တို့ကို ယခင်ကထက် ပိုမိုဂရုစိုက်ကြရန် အာရက္ခတပ်တော် AA က အရပ်သားပြည်သူများကို အသိပေး တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts